Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြဝတီမြို့၌ ကရင်ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဆန်တစ်ပြည် ၁၀၀၀ ကျပ်နှင့် ကြက်ဥတစ်လုံး ၁၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေး
Sep 02,2021
ကရင်ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆန်တစ်ပြည် ၁၀၀၀ ကျပ်နှုန်းနှင့် ကြက်ဥတစ်လုံး ၁၀၀ ကျပ်နှုန်းတို့ဖြင့် ယနေ့နံနက် ၁၀ နာရီက မြဝတီမြို့ပေါ် ရပ်ကွက်များအတွင်း လှည့်လည် ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖောင်းပြင်မြို့နယ်တွင် ချောင်းရေတိုက်စားမှုကြောင့် ပျက်စီးသွားသော ချောင်းကူးတံတားအား ကိုယ့်အားကိုယ်ကိုး ပြန်လည်တည်ဆောက်
Sep 01,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၌ ဩဂုတ်လ ၁ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး နန်းမခွင်ချောင်းရေမြင့်တက် မှုကြောင့် ရွှေညောင်ပင်- ကုန်းအောက်တောင်းကျေးရွာ ချင်းဆက် ချောင်းကူးတံတား အရှည် ၁၄၆ ပေ၊ အကျယ် ၁၂ ပေခန့်မျှောပါပျက်စီးသွားခဲ့ရာ အဆိုပါတံတားအား အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းမှုဖြင့် ရွှေပုဂံကျောင်းတိုက်ဆရာတော် ဦးဆောင်ကာ ပြန်လည်တည်ဆောက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာကေတမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ
Sep 01,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မြို့နယ် အတွင်းရှိ ၃/ရန်ပြေရပ်ကွက်၊ ဗုဒ္ဓဝေယာဝစ္စဓမ္မာရုံ၊ ၁၀/ တောင် ရပ်ကွက်၊ (၁၀၈)တောင်ဘုရားဝင်း၊ ၁/ထူပါရုံ ရပ်ကွက်၊ အ-ထ-က(၁)အခြေခံပညာ အထက်တန်း ကျောင်း၊ ၇/အနောက်ရပ်ကွက်၊ အ-ထ-က(၂) အခြေခံပညာ အထက် တန်း ကျောင်းစသည့် စုရပ်(၄)နေရာ၌ ယနေ့နံနက် (၉) နာရီမှ ညနေ(၃)ထိ စတင် ထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းအေးသာစံမြို့နယ်တွင် ရွေ့လျားကိုဗစ်-၁၉ရောဂါစစ်ဆေးရေးအဖွဲ့မှ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ အခမဲ့ စစ်ဆေးပေး
Sep 01,2021
မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏လမ်းညွှန်မှုဖြင့် ချမ်းအေးသာစံမြို့နယ်တွင် ရွေ့လျားကိုဗစ်-၁၉ရောဂါစစ်ဆေးရေး အဖွဲ့မှ ပြည်သူများအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ အခမဲ့ စစ်ဆေးပေးခြင်းကို ယနေ့ နံနက် ၇ နာရီမှ နံနက် ၉နာရီအထိ မန္တလေး၊ ချမ်းအေးသာစံမြို့နယ်အတွင်း လူစည်ကားရာ ဈေးဖြစ်သည့် ရတနာပုံဈေးတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးလိုက်နာဆောင်ရွက်ကြရန် အသိပညာပေး နှိုးဆော်ခြင်း
Sep 01,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ပြည်သူများ သိရှိလိုက်နာရမည့် အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေး နှိုးဆော်ခြင်း များကို မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယနေ့နံနက်၈နာရီအချိန်မှစ၍ မြို့နယ်အတွင်းရှိကျေးရွာအုပ်စု၊ ကျေးရွာများတွင်းလိုက်လံ၍ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မဟာအောင်မြေမြို့နယ်အတွင်းရှိ အိမ်ထောင်စု ( ၂၈၈၂ ) စု လူဦးရေ (၁၁၄၀၃)ဦး တို့အား ဆန်များထောက်ပံ့ပေးအပ်
Sep 01,2021
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မဟာအောင်မြေမြို့နယ်အတွင်းရှိ အိမ်ထောင်စု ( ၂၈၈၂ )စု လူဦးရေ (၁၁၄၀၃)ဦးတို့အား ဆန်များထောက်ပံ့ပေးအပ်ခြင်းကို စက်တင်ဘာလ ၁ရက်နေ့ နံနက် ၁၀နာရီခွဲက မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်ရှိ စိန်ပန်းအားကစားခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အိမ်ထောင်စု (၇၂၆)စု လူဦးရေ (၂၈၁၅)ဦး တို့အား ဆန်များ ထောက်ပံ့ပေးအပ်
Sep 01,2021
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အိမ်ထောင်စု (၇၂၆)စု လူဦးရေ (၂၈၁၅)ဦး တို့အား ဆန်များထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအနောက်ရပ်ကွက်၊ ဆုတောင်းပြည့် ချမ်းသာရမြတ်စွာ ဘုရားဝန်းအတွင်း ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
လေးမျက်နှာမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Sep 01,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကလေးငယ်များ ကျန်းမာ သန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေစေရန် ရည်ရွယ်၍ လစဉ်ပုံမှန်ကာကွယ် ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ယနေ့နံနက်(၈)နာရီအချိန်ခန့်က မိခင်ကလေး ကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25737
Page
25738
Page
25739
Page
25740
Current page
25741
Page
25742
Page
25743
Page
25744
Page
25745
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department