အမြို့မြို့အနယ်နယ်သတင်းများ

Sep 01,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ယမန်နေ့ ည ၈ နာရီအချိန်က ထီးခီ နယ်စပ် ကုန်သွယ်ရေး စခန်းမှတဆင့် နေရပ်ပြန် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ဝင်ရောက်လာ ကြောင်း သိရသည်။
Sep 01,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စက်တင်ဘာလ (၂)ရက်နေ့မှစ၍ ဒုတိယကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
Sep 01,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင်  ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid  Antigen  Diagnostic Test Kit  ဖြင့် စစ်ဆေးပေးခြင်းကို  ယမန် နေ့ နံနက်ပိုင်းက  မုဒုံမြို့နယ် ပြည်သူ့ဆေးရုံ၊ ကမာဝက်တိုက်နယ်ဆေးရုံ၊ ကလော့သော့ကျေးရွာနှင့် တံခွန်တိုင်ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနတို့၌ အခမဲ့စစ်ဆေးပေးသည်။
Sep 01,2021
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၂ နာရီက ပေါင်းတည်မြို့၊ ပျဉ်ပုံအုပ်စု၊ နတ်မှော်ရွာရှိ တိုင်းရင်းကြက်မွေးမြူရေးနှင့် ကြက်သားဖောက် ဖြန့်ချီရေးလုပ်ငန်း ဆောင်ရွက်နေမှုအားကြည့်ရှု စစ်ဆေး ခဲ့ကြောင်းသိရသည်။
Sep 01,2021
မန္တလေတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်း ဧရာဝတီမြစ်၊ မြစ်ကျိုးအင်းအနီး ကမ်းပါးပြိုကျခြင်းဖြစ်ပွားခဲ့သောကြောင့် ပြောင်းရွေ့ခဲ့ရသော အိမ်ထောင်စုများအား ယမန့်နေ့ နံနက်ပိုင်းက ထောက်ပံ့​ငွေများ သွားရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။
Sep 01,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကိုင်ဆောင် လက်မှတ်များ ရရှိစေရေးအတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။