ဓနုဒေသရှိကော်ဖီ အစုအဖွဲ့တောင်သူများနှင့် တွေ့ဆုံဆွေနွေး

ပင်းတယ စက်တင်ဘာ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ဓနုဒေသရှိ ကော်ဖီအစုအဖွဲ့တောင်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က ဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးအာကာလင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်အသေးစားစက်မှုလက်မှုဦးစီဌာနတို့မှ ပြည်နယ်ဦးစီး မှူးတို့မှ ဌာနမှ ဆောင်ရွက်ပေးနေသည်လုပ်ငန်းကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက်တက်ရောက်လာသည့် ရွာငံမြို့နယ်ကော်ဖီအစုအဖွဲ့ တောင်သူများမှ ၎င်းတို့လိုအပ်နေသည့် ကော်ဖီစေ့အခြောက်ခံစက်၊ အခွံချွတ်စက်နှင့် အရင်းအနှီး လိုအပ်ချက်များအား တင်ပြဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ်သက်ဆိုင်ရာများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲအား ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပြီး ဓနုဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပင်းတယမြို့နယ်နှင့်ရွာငံမြို့တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ များနှင့်သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ ကော်ဖီတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပင်းတယ (ပြန်/ဆက်)