အမြို့မြို့အနယ်နယ်သတင်းများ

Sep 03,2021
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်နိုင်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက သထုံခရိုင်အတွင်း ကျိုက်ထို၊ ဘီးလင်းနှင့် သထုံမြို့နယ် တို့၏ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးပြီး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် မြို့နယ် အသီးသီးတို့အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
Sep 03,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ယမန်နေ့ နံနက်(၈)နာရီက သာသနာ့ဗိမာန်တော်ကြီးတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရွှေပြည်သာမြို့နယ် အတွင်းရှိ သံဃာတော်များနှင့် သီလရှင်များအတွက် ဆန်အိတ်များလှူဒါန်းခဲ့ကြောင်း သိရသည်။
Sep 03,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) ပထမအကြိမ် ထိုးနှံပြီးသူများကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာခန်းမ၊ ဆပ်သွား အထကနှင့် ကျိန္တလီ ထွေ/အုပ် တွင် ဆေးထိုးစုရပ်(၃)ခု၌ (ဒုတိယအကြိမ်)တတိယနေ့အဖြစ် ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။
Sep 03,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၂)ရပ်ကွက်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများတိုက်ခတ်မှုကြောင့် လမ်းပိတ်ဆို့လဲကျနေသည့် ကုက္ကိုပင်ကြီးနှင့်သစ်ကိုင်း၊ သစ်ခက်များ၊ လျှပ်စစ်မီးတိုင်၊ ဓာတ်အားလိုင်းကြိုးနှင့် ဖုန်းလိုင်းကြိုးများအား ရှင်းလင်းခြင်းနှင့် ရွှေချောင်းရေကြီးမှုကြောင့် ပြန်လည်ကူးခတ်နိုင်စွမ်းမရှိသည့် ပြည်သူနှစ်ဦးအား ကယ်ဆယ်ခြင်းလုပ်ငန်းများကို ပခုက္ကူခရိုင်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
Sep 03,2021
ရခိုင်ပြည်နယ် ဂွမြို့နယ်၌မြို့နယ် လူမှု၀န်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွား လာသော အသက်(၂)နှစ်အောက် ကလေးများအား ယမန်နေ့နံနက်ပိုင်းတွင် ကင်းရုံး ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ထောက်ပံ့ကြေးငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 03,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သာစည်မြို့ အမှတ်(၁)ရပ်ကွက် နှင့်ရွာပုလဲကျေးရွာအုပ်စုကြားရှိ ငါးဆူကျောင်းကန်မှာ နံနက် ၉ နာရီတွင် အကျယ် ၁၅ ပေခန့် ထူးပေါက်၍ ရေပေါက်ကျမှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
Sep 03,2021
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင်  ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ရှိမှု လျော့ကျနှင့်စေရေး၊ ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက် ကြပ်မတ်စစ်ဆေးခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရာ ကိုဗစ်-၁၉ သတ်မှတ်စည်းကမ်းချက်များ လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် Mask Campaign ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၆ နာရီခွဲအချိန်တွင် မြို့မစျေးလမ်းဆုံ၌ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။