Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကောလင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Sep 04,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ဒုတိယအကြိမ် ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ဆေးရုံ၌ အသက်(၆၅) နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ၊ ဝန်ထမ်းများ၊ သံဃာတော်များ၊ သီလရှင်များနှင့် ပြည်သူများအား ဆက်လက် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘုရားသုံးဆူမြို့တွင် ကိုယ်ဗစ်-၁၉ အသိပညာပေးခြင်းနှင့် နယ်လှည့်ကိုဗစ်ရောဂါ စစ်ဆေးခြင်းများ ဆောင်ရွက်
Sep 04,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ကိုဗစ်- ၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့များ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိပြီး ယနေ့ နံနက် ၈ နာရီ အချိန်တွင် ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တို့ ပူးပေါင်း၍ ရပ်ကွက်အတွင်းရှိ ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါနှင့်ပတ်သက်သော အကြောင်းအရာများအား အသိပညာပေး ဟောပြောခြင်းနှင့် တက်ရောက်လာသူများအား ကိုဗစ်- ၁၉ ရောဂါပိုး ရှိမရှိ Test Kit များဖြင့် အခမဲ့ စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဏ္ဏားကျွန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၂)ကြိမ်ဆက်တိုက်ထိုးနှံခဲ့သူ ၄၃၇၈ ဦး ရှိပြီး၊ ကျန်ရှိနေသူများအား ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 04,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ အသက်(၆၅)နှစ်အထက်ရှိ သက်ကြီး ရွယ်အိုများနှင့်ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(၂)ကြိမ် ဆက်တိုက် ထိုးနှံခဲ့သူ ၄၃၇၈ ဦးရှိပြီး၊ ကျန်ရှိနေသူများအား သတ်မှတ်စုရပ်နေရာ(၅)နေရာတို့တွင် ယနေ့ အထိ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝက်လက်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး၊ ပထမအကြိမ် ထိုးနှံပေးပြီးသူများကို ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Sep 04,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး၊ ပထမအကြိမ် ထိုးနှံပေးပြီးသူများကို ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခြင်းလုပ်ငန်းကို စုရပ် ၃ ခုတွင် ယနေ့ နံနက် ၈ နာရီ မှ ညနေ ၃ နာရီ အထိ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်အောက်ဆီဂျင်စက်ရုံမှ တစ်နေ့အောက်ဆီဂျင်(၃၀၀)လုံးခန့် ထုတ်နိုင်၍ ဆေးရုံ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များအား အခမဲ့ ဖြန့်ပေးလျက်ရှိ
Sep 04,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း အောက်ဆီဂျင်စက်ရုံရှိ အောက်ဆီဂျင် စက်နှစ်လုံးမှ တစ်နေ့လျှင် အောက်ဆီဂျင်(၄၀)လီတာအိုး (၃၀၀)လုံးခန့် ထုတ်နိုင်၍ ဆေးရုံ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များအား အခမဲ့ ဖြန့်ဖြူးပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်စလူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံထားသူများကို ဒုတိယအကြိမ် ၊ တတိယနေ့ ဆက်လက် ထိုးနှံပေး
Sep 04,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာ ခရိုင်၊ ပြင်စလူမြို့တွင် ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အမျိုးအစား ထိုးနှံထားသူများကို ဒုတိယ အကြိမ်၊ တတိယနေ့ ဆက်လက်ထိုးနှံပေးခြင်းကို စက်တင်ဘာလ (၄)ရက်နေ့ နံနက် ၁၀ နာရီ၌ ပြင်စလူမြို့၊ အမှတ် (၃)ရပ် ကွက်ရှိ မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခန်းမတွင် ကျန်ရှိနေသည့်မိဘပြည်သူများ အား ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်များ အိမ်အရောက်ထောက်ပံ့ပေးအပ်
Sep 04,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့၊ အမှတ် ၁ ရပ်ကွက်ရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၅၆ ဦး၏ လူမှုရေးပင်စင်ငွေများကို အမှတ် ၁ ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းကြိုင်မြင့်နှင့်တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာ ဘိုးဘွားများ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပျဉ်းမြို့၌ ပန်းခင်းစီမံချက် အသိပညာပေး billboard စိုက်ထူ
Sep 04,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ “ပန်းခင်း” စီမံချက်နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရန် “ပန်းခင်း” စီမံချက် အသိပညာပေး billboard ကို ယနေ့ နံနက် ၉ နာရီက ပိန်းဆန်း ရပ်ကွက်ရှိ ပြည်ထောင်စုလမ်းမနှင့် ဆရာစံလမ်းထောင့်၌ စိုက်ထူကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25712
Page
25713
Page
25714
Page
25715
Current page
25716
Page
25717
Page
25718
Page
25719
Page
25720
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department