အမြို့မြို့အနယ်နယ်သတင်းများ

Sep 03,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့ ပြည်သူ့ဆေးရုံး၌ တရုတ်နိုင်ငံထုတ်  Sinopharm ကိုဗစ်−၁၉ရောဂါကာကွယ်ဆေး ဒုတိယနေ့ ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉နာရီတွင် ကျန်းမာရေးဝန်ထမ်းများက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 03,2021
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမကြိမ်ထိုးနှံခဲ့သူများကို ယနေ့ နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီထိ လည်းကောင်း၊ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီ ထိလည်းကောင်း၊ အချိန်သတ်မှတ်ကာ မြို့နယ်ပြည်သူ့ ဆေးရုံ(ဟောင်း)နေရာ၌သတ်မှတ်ထားသည့် နေ့ရက်အလိုက် ဒုတိယအကြိမ် စတင်ထိုးနှံပေးလျက်ရှိသည်။
Sep 03,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်း‌ခေးခရိုင်၊ မိုးနဲ မြို့နယ် ကမ္ဘောဇခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီ အချိန်မှစတင်၍ မြို့နယ်အတွင်းရှိ သံဃာတော်များ၊  အသက်၆၅နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဝန်ထမ်း မိသားစုများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) ကို ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
Sep 03,2021
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် သံဃာတော်များ၊ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများနှင့် ဦးစားပေးအုပ်စုအလိုက် ပြည်သူများအား ကျန်းမာရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် လမ်းညွှန်ချက်နှင့်အညီ စုရပ်(၅)နေရာတွင် စက်တင်ဘာ၂ရက်နေ့အထိ ပြည်သူ(၄၆၂၀)ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ယနေ့နံနက်တွင်လည်း ကာကွယ်ဆေးဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
Sep 03,2021
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm)ကို ဒုတိယ အကြိမ် သြဂုတ်၂၇ရက်မှစတင်ထိုးနှံပေးခဲ့ပြီး ယနေ့နံနက်၉နာရီက အဋ္ဌမမြောက်နေ့အဖြစ် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
Sep 03,2021
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် စက်တင်ဘာလ ၂ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဂွေးပင်ကျေးရွာအုပ်စု၊ ထန်းပင်ချောင်းကျေးရာ၌ အခြေခံပညာအလယ်တန်းကျောင်းဝန်း အုတ်တံတိုင်းနှင့် ကျေးရွာရှိ ဘုန်းကြီးကျောင်းဝန်း အုတ်တံတိုင်းများပြိုကျပျက်စီးမှုရှိကြောင်း သိရသည်။
Sep 03,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စလင်းမြို့ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမဆောင်၌ ယနေ့ နံနက် ၈ နာရီအချိန်က ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူများအား ဒုတိယအကြိမ် တတိယနေ့အဖြစ် ကျန်းမာရေးဦးစီးဌာ ဝန်ထမ်းများက ဆက်လက်ဆောင်ရွက် ပေးလျက်ရှိသည်။
Sep 03,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံ၌ ယနေ့နံနက် ၈ နာရီ မှစတင်၍ အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။