ကောလင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

 

ကောလင်း စက်တင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ဒုတိယအကြိမ် ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ဆေးရုံ၌ အသက်(၆၅) နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ၊ ဝန်ထမ်းများ၊ သံဃာတော်များ၊ သီလရှင်များနှင့် ပြည်သူများအား ဆက်လက် ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) ဒုတိယအကြိမ် ထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံး ၌  အသက်(၆၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုးများ၊ ဝန်ထမ်းများ၊ သံဃာတော်များ၊ သီလရှင်များ နှင့် ပြည်သူများအား ထိုးနှံပေးခဲ့ရာ အမျိုးသား ၅၀၁ ဦး၊ အမျိုးသမီး ၆၁၈ ဦး စုစုပေါင်း ၁၁၁၉ ဦး ထိုးနှံပေးခဲ့ပြီး ယနေ့စက်တင်ဘာ ၄ ရက်နေ့တွင် ကောလင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရာတွင်  ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ပူးပေါင်းပါဝင်ဆောင်ပေးခဲ့ကြောင်း သိရသည်။

မြင့်ထွန်းမင်း