Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဘူးသီးတောင်မြို့နယ် ဂန္ဓာရီပရဟိတကျောင်းဝင်းရှိ တိုက်ပွဲရှောင်ပြည်သူများ အား ကိုဗစ် -၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံ
Sep 05,2021
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ ဂန္ဓာရီပရဟိတကျောင်းဝင်း ရှိ တိုက်ပွဲရှောင်ပြည်သူများအား ယမန်နေ့ နံနက်( ၁၀) နာရီအချိန်ကကိုဗစ် -၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆက်လက် ဆေးထိုးနှံပေး
Sep 05,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ အား ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်က မြို့တော်ခန်းမ ဆေးထိုးစုရပ်နေရာတွင် ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒုတိယအကြိမ်ကာကွယ် ဆေးထိုးနှံ နေမှုအားကိုဗစ် ကော်မတီဝင်များလိုက်လံကြည့်ရှုအား ပေး
Sep 05,2021
ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာများ အလိုက် ဦးစားပေးအုပ်စုများကို သြဂုတ်လ ၁ ရက် နေ့မှစ၍ ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ယခုအခါ သတ်မှတ်ရက် ပြည့်မြောက်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများကို သက်ဆိုင်ရာရပ်ကွက်၊ ကျေး ရွာများရှိ ပထမအကြိမ်ကာကွယ် ဆေးထိုးနှံသည့်သတ်မှတ် နေရာများတွင် ယမန်နေ့နံနက် ၉ နာရီမှ စတင်၍ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်တောမြို့ အမှတ်(၆)လမ်း ကွန်ကရစ်လမ်းခင်းခြင်း ရာနှုန်းပြည့်ပြီးစီး
Sep 05,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ ရက်ကွက်အတွင်းရှိ လမ်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် အများပြည်သူများ အဆင်ပြေချောမွေ့စွာဖြင့် အသုံးပြုသွားလာနိုင်ရေးအတွက် လုပ်ငန်းများ ဘဏ္ဍာနှစ် အလိုက် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်ခွဲ စည်ပင်သာယာရေး ဌာနမှ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ အထွေထွေပိုလျှံရန်ပုံငွေ (GRF)ဖြင့် ဆောင်ရွက်သည့် အမှတ်(၆)လမ်း ကွန်ကရစ်ခင်းခြင်းအား ဩဂုတ်လ ပထမပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာပထမပတ်၌ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ
Sep 05,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ရောဂါဆက်လက် ပြန့်ပွားမှု မရှိစေရေးနှင့် ပိုမိုထိန်းချုပ်ကင်းစင်ပပျောက်နိုင်ရေးအတွက် အသက် ၆၅ နှစ်အထက်နှင့် ပြည်သူများ အားလုံးကို ယမန် နေ့နံနက်ပိုင်း၁၀နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပြီးပြည်သူများအား ယခင်စုရပ်ဖြစ်သည့် ဟိုနမ့်တိုက်နယ်ဆေးရုံ ကာကွယ်ဆေးထိုးစုရပ် တွင် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မာန်အောင်မြို့၌ အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများအား ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 05,2021
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၌ အသက်(၆၅)နှစ် နှင့် အထက်ဘိုးဘွားများအား ဒုတိယအကြိမ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစား ကိုဗစ်-၁၉ ကာ ကွယ်ဆေးကို ပထမအကြိမ်ထိုးနှံပြီးသည့် မြို့ပေါ်(၅)ရပ်ကွက်မှဆေးထိုးသတ်မှတ်ရက်ပြည့်သူ ဘိုးဘွား(၁၂၀) ဦးအား မြို့နယ် ပြည်သူ့ဆေးရုံဟောင်းနေရာ၌ ယမန်နေ့ နံနက် ၁၀နာရီမှ နေ့လယ် ၁၂နာရီထိ၊ မွန်းလွဲ၁နာရီမှ ညနေ ၄ နာရီထိ အချိန်သတ်မှတ်ကာ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်တွင် အသက်(၆၅) နှစ်နှင့် အထက်အဘိုးအဘွားများအားကိုဗစ် - ၁၉ရောဂါကာကွာ ဆေးဒုတိယအကြိမ် ထိုးနှံပြီးသူ (၅၅၇) ဦးထိုးနှံပြီးဖြစ်
Sep 05,2021
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာများမှ ဦးစားပေး အဆင့် အလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ အသက်(၆၅)နှစ် နှင့်အထက် အဘိုးအဘွား (၅၅၇) ဦး ထိုးနှံပေးပြီးဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ဖြူမြိုနယ်၌ ချစ်ချောင်းရေတိုက်စားခြင်းကြောင့် လျှပ်စစ်မီးတိုင်များ ယိုင်လဲ၍ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့သဖြင့် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရေးဆောင…
Sep 05,2021
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် စက်တင်ဘာလ ၂ ရက်နေ့ နံနက်အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဆိပ်ဖြူမြို့မှ ဒေါသာ ကျေးရွာသို့ သွယ်တန်းထားသည့် 11 kv ဓာတ်အားလိုင်းသည် ဆင်နီတောင်ကျေးရွာနှင့် ဒေါသာကျေးရွာကြားရှိ ချစ်ချောင်း ရေတိုက်စားခြင်း ကြောင့် လျှပ်စစ်ဓာတ်အားပို့လွှတ်သည့် ဓာတ်အားတိုင်များ လဲပြို၍ ဒေါသာကျေးရွာ၌ လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်းဖြစ်ပေါ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25709
Page
25710
Page
25711
Page
25712
Current page
25713
Page
25714
Page
25715
Page
25716
Page
25717
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department