ကျောက်မဲမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်များ အိမ်အရောက်ထောက်ပံ့ပေးအပ်

ကျောက်မဲ စက်တင်ဘာ ၃ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့၊ အမှတ် ၁ ရပ်ကွက်ရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၅၆ ဦး၏ လူမှုရေးပင်စင်ငွေများကို အမှတ် ၁ ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းကြိုင်မြင့်နှင့်တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာ ဘိုးဘွားများ လက်ဝယ်အရောက်  သွားရောက်  ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။ 

နိုင်ငံတော်မှ အသက် ၈၅ နှစ်ပြည့်ပြီးသူနှင့်အထက် သက်ကြီးဘိုးဘွားများအား  တစ်လလျှင် ငွေ ၁၀၀၀၀- ကျပ်နှုန်းဖြင့်  လူမှုရေးပင်စင် ပေးလျက်ရှိရာ  ယခုနှစ် ဧပြီ၊ မေ၊ ဇွန်  ၃ လစာအတွက် လူမှုရေးပင်စင်ငွေ ၃၀၀၀၀- ကျပ်ကို ကျောက်မဲမြို့နယ်ရှိ ဘိုးဘွားများအား ဆက်လက် ထုတ်ပေးနေခြင်း ဖြစ်သည်။

ကျောက်မဲမြို့နယ်တွင်စုစုပေါင်း ၅၄၀ ဦး ရှိပြီး အဆိုပါဘိုးဘွားများ၏ လူမှုရေးပင်စင်ငွေများကို  လူမှုရေးဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် သက်ဆိုင်ရာရပ်ကွက် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက အိမ်တိုင်ယာရောက် သွားရောက်ပေးအပ်ခြင်းဖြစ်ကြောင်း လူမှုဝန်ထမ်းဦးဌာနမှ သိရသည်။ 

မိုင်းထွန်း(ပြန်/ဆက်)