ပုဏ္ဏားကျွန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး (၂)ကြိမ်ဆက်တိုက်ထိုးနှံခဲ့သူ  ၄၃၇၈ ဦး ရှိပြီး၊ ကျန်ရှိနေသူများအား ဆက်လက်ထိုးနှံပေးလျက်ရှိ

ပုဏ္ဏားကျွန်း စက်တင်ဘာ ၄

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ အသက်(၆၅)နှစ်အထက်ရှိ သက်ကြီး ရွယ်အိုများနှင့်ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(၂)ကြိမ် ဆက်တိုက်  ထိုးနှံခဲ့သူ ၄၃၇၈ ဦးရှိပြီး၊ ကျန်ရှိနေသူများအား သတ်မှတ်စုရပ်နေရာ(၅)နေရာတို့တွင် ယနေ့ အထိ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်သိန်းနှင့်အဖွဲ့ ဝင်များ ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာ အောင်စစ်ထွန်း ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ  ဌာနဆိုင်ရာဝန်ထမ်းများ၊  မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ ဝင်များနှင့် Volunteer ပရဟိတ စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးရန် လာရောက် သည့်ပြည်သူတို့အား   ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး၊ ကိုဗစ်-၁၉ ကာကွယ် ဆေး(ဒုတိယအကြိမ်)ထိုးနှံပေးလျက်ရှိသည်။

ပုဏ္ဏားကျွန်းမြို့နယ်၌ Sinopharm အမှတ်တံဆိပ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို လောကမာရဇိန်ဘုရားကြီးသိမ်တော်အပါအဝင် ယိုးတရုပ်တိုက်နယ်ဆေးရုံး၊ ပိုးရွှီပြင်တိုက်နယ်ဆေးရုံ၊ ကွန်းတောင်ကျန်းမာရေးဌာနနှင့် အလယ်ချောင်းကျန်းမာရေးဌာနတို့ တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

နီထွန်းအောင်(ပြန်/ဆက်)