ဘုရားသုံးဆူ စက်တင်ဘာ ၄
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ကိုဗစ်- ၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့များ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိပြီး ယနေ့ နံနက် ၈ နာရီ အချိန်တွင် ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တို့ ပူးပေါင်း၍ ရပ်ကွက်အတွင်းရှိ ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါနှင့်ပတ်သက်သော အကြောင်းအရာများအား အသိပညာပေး ဟောပြောခြင်းနှင့် တက်ရောက်လာသူများအား ကိုဗစ်- ၁၉ ရောဂါပိုး ရှိမရှိ Test Kit များဖြင့် အခမဲ့ စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုများအား ဘုရားသုံးဆူမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မိုးနှင့် ဘုရားသုံးဆူမြို့ ပြည်သူ့ဆေးရုံ တာဝန်ခံ ဆရာဝန်တို့ ဦးဆောင်၍ ကျေးလက် ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ ကိုဗစ်- ၁၉ရောဂါနှင့်ပတ်သက်သော အကြောင်းအရာများအားအသိပညာပေးခြင်းနှင် တက်ရောက်လာသောရပ်ကွက်နေပြည်သူ များအား ကိုဗစ်ရောဂါပိုး ရှိမရှိ Test Kit အခမဲ့ စစ်ဆေးခဲ့ပြီး ရောဂါပိုးတွေ့ရှိမှု မရှိကြောင်း သိရသည်။
ဘုရားသုံးဆူ (ပြန်/ဆက်)