Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အသက် (၆၅) နှစ်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Sep 03,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ အသက်(၆၅) နှစ်အထက် သက်ကြီးရွယ်အို အဘိုး/အဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက် ထိုးနှံပေးခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးဟောင်း အစည်းအဝေးခန်းမရှိ သတ်မှတ်ထားသောနေရာ၌ ယနေ့နံနက် ၉ နာရီမှ ၁၂ နာရီအထိလည်းကောင်း နေ့လယ် ၁ နာရီမှ ၅ နာရီအချိန်အထိ နှစ်ပိုင်းခွဲကာ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မြို့နယ် မီးသတ်တပ်ဖွဲ့မှ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် နိုင်ရေး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ဇာတ်တိုက်လေ့ကျင့်
Sep 03,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ငလျင်ဘေး၊ မုန်တိုင်းဘေး၊ ရေကြီးခြင်းဘေး၊ မြေကမ်းပါးပြိုကျခြင်းနှင့်အခြားသောသဘာဝဘေး စသော ဘေးအန္တရာယ်များကြုံတွေ့ လာပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ယနေ့ နံနက် ၈ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံရှေ့ကွင်းပြင်၌ခရိုင်/မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင် များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ခွဲမှ ကြက်ခြေနီ တပ်ဖွဲ့ဝင်များပူးပေါင်းကာ သဘာဝ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ
Sep 03,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက် အ.ထ.က(၁) ကျောင်းဝန်း စာကြည့်တိုက်၌ ယနေ့နံနက် ၈ နာရီအချိန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။ ကျောင်းကုန်းမြို့နယ်တွင် အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.ကဒေါင့်ကြီး၊ ဝက်ချောင်း ဘုန်းကြီးကျောင်းနှင့် အ.ထ.ကချောင်ကြီး စသည့်စုရပ်(၅)နေရာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ ပေးလျက်ရှိရာ စုစုပေါင်း(၈၀၀၀)ကျော် ထိုးနှံပေးခဲ့ပြီးယခု ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဟင်္သာတ၊ ဇလွန်မြို့နယ်ရှိ ရေကာတာများနှင့် ရေကင်းစခန်းများအား ကြည့်ရှု စစ်ဆေး
Sep 03,2021
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းအစိုးရအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက ဟင်္သာတမြို့နယ်၊ အိပ်ပျက်အုပ်စုရှိ ဖောင်ဆိပ်ကျေးရွာသို့ ရောက်ရှိပြီး ဧရာဝတီမြစ် ရေကာတာများကို ကြည့်ရှုစစ်ဆေးရာ ခရိုင်ဆည်မြောင်းဦးစီးဌာနမှူး ဦးစံမင်းက တာတမံများတွင် အရေးပေါ် အခြေအနေ ဖြစ်ပေါ်လာပါက တာတမံပြုပြင်ခြင်းနှင့် အရေးပေါ်တုံ့ပြန်ခြင်း ဆောင်ရွက်မည့် စီမံချက် အခြေအနေများ၊ ဦးစီးအရာရှိ ဦးသိန်းလင်းကျော်က ရေပေါက်ပေါက်ခြင်းအတွက် ရေခွေခွေခြင်း၊ တာအိတာလျော ခြင်းအတွက် တာခြေကန်ခြင်း၊ သဲဗွက်ထခြင်းအတွက် ရေခွေခွေခြင်း၊ တာဆင့်ခြင်း စသည့် လုပ်ငန်းများကို လက်တွေ့ သရုပ်ပြ ရှင်းလင်းသည်။
အပြည့်အစုံ ဖတ်ရန်
ကန်ကြီးထောင့်မြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးအား စုရပ် (၃)ခုဖြင့် တစ်ပြိုင်တည်း ထိုးနှံပေးလျက်ရှိ
Sep 03,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများ၊ သာသနာ့ အနွယ်ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ စသည့် ဦးတည်အုပ်စု(၁၂)ခုတို့မှ (ပထမ)အကြိမ် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူများကို ဒုတိယအကြိမ်အဖြစ် ဩဂုတ်လ ၂၂ ရက်မှ စတင်၍ ထိုးနှံပေးလျက်ရှိရာ စင်တင်ဘာလ ၃ ရက်နေ့က ဆေးထိုးစုရပ်(၃)ခုခွဲ၍ တစ်ပြိုင်တည်းဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မြေပုံမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ကို ဆက်လက်ထိုးနှံလျက်ရှိ
Sep 03,2021
ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊မြေပုံမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ထိုးနှံခြင်းကို ယနေ့ နံနက်(၁၀)နာရီက သတ်မှတ်စုရပ်များ၌ ဆက်လက်ထိုးနှံလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပုဏ္ဏားကျွန်းမြို့နယ် စက်မှုဇုံတိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်း၌ အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး(ပထမအကြိမ်)ထိုးနှံပေးလျက်ရှိ
Sep 03,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စက်မှုဇုံ တိုက်ပွဲရှောင် ကယ်ဆယ်ရေးစခန်း၌ ခိုလှုံလျက်ရှိသော အသက်(၁၈)နှစ်နှင့်အထက် နေရပ်စွန့်ခွာပြည်သူများအား တရုတ်ပြည်သူ့သမ္မတ နိုင်ငံထုတ် Sinopharm အမှတ်တံဆပ် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းကို ယနေ့၊ နံနက်(၉)နာရီမှ ညနေ (၄)နာရီ အထိ၊ ရေဖြူကန်ကျေးရွာ၊ မူလတန်းလွန်ကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်တွေမြို့နယ်အတွင်းရှိ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 03,2021
စစ်တွေမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများ၊ ရဟန်းသံ ဃာများ၊ သာသနာ့နွယ်ဝင်မယ်သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း( Volunteers)များနှင့် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25714
Page
25715
Page
25716
Page
25717
Current page
25718
Page
25719
Page
25720
Page
25721
Page
25722
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department