ပြင်စလူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံထားသူများကို ဒုတိယအကြိမ် ၊ တတိယနေ့ ဆက်လက် ထိုးနှံပေး

 ပြင်စလူ      စက်တင်ဘာ  ၄                         

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာ ခရိုင်၊ ပြင်စလူမြို့တွင် ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အမျိုးအစား ထိုးနှံထားသူများကို ဒုတိယ အကြိမ်၊ တတိယနေ့    ဆက်လက်ထိုးနှံပေးခြင်းကို စက်တင်ဘာလ (၄)ရက်နေ့ နံနက် ၁၀  နာရီ၌ ပြင်စလူမြို့၊ အမှတ် (၃)ရပ် ကွက်ရှိ မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခန်းမတွင် ကျန်ရှိနေသည့်မိဘပြည်သူများ အား ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရာတွင် ပြင်စလူမြို့  ကျန်းမာရေး ဦးစီးဌာနမှတာဝန် ရှိသူများက    ဒုတိယ အကြိမ်၊ တတိယနေ့  အဖြစ် အသက် (၆၅)နှစ် နှင့် အထက် ထိုးနှံပေးရန် ကျန်ရှိနေသော သက်ကြီးရွယ်အို ဒေသခံ ပြည်သူများ၊ ဆရာ တော်သံဃာတော်များ  ကိုဗစ်  -  ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်ရှိမှု မရှိစေ ရန် စိစစ်၍ ဆက်လက်ထိုးနှံ ဆောင်ရွက် ပေး လျက်ရှိသည်။

 ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ ရာ တွင် ပြင်စလူမြို့၊မြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲဝင့်ထွန်းနှင့် မြို့အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကာကွယ်ဆေးထိုးကြီးကြပ်ရေးအဖွဲ့ဝင်များ၊ Volunteer/ ပရဟိတများ နှင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ကာကွယ်ဆေးထိုးနှံရာသို့ ရောက်ရှိလာသည့် မိဘပြည်သူများ အဆင်ပြေ စွာ ထိုးနှံနိုင်ရေး  ကူညီ ဆောင်ရွက်ပေး နေကြောင်း သိရ သည်။ ယနေ့တွင် ပြင်စလူမြို့ ပေါ်ရှိ ရပ်ကွက်(၃) ရပ်ကွက် နှင့် ကျေးရွာ အုပ်စုများ ဖြစ်သော ကုန်းကြီး ကျေးရွာ၊ တယ်ပင်ကိုင်း ကျေးရွာ၊ရေတွင်းဆိပ် ကျေးရွာ ၊သစ်ပုတ် ကျေးရွာ နှင့်  ဓနိဆိပ် ကျေးရွာတို့မှ အသက် (၆၅) နှစ်နှင့်အထက် ကျန်ရှိနေသော မိဘ ပြည်သူ များ အား ကိုဗစ်-၁၉ ကာကွယ် ဆေးများကို  ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွန်ချက် များ အတိုင်း  ဆက်လက် ထိုးနှံပေး လျက် ရှိသည်။

ယခုထိုးနှံပေးလျက်ရှိသောကာကွယ် ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ် သော    Sinopharm   အမျိုးအစား ဖြစ်ပြီး  ပြင်စလူ မြို့တွင် ဒုတိယအကြိမ် လူဦးရေ (၅၀၀)ဦး အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများကိုထိုးနှံ ဆောင်ရွက်လျက်ရှိသည်။

ပြင်စလူမြို့သည်ရေလမ်း ခရီးကိုသာအား ကိုးပြီးစက်တပ်လှေများဖြင့် သွားလာရခြင်းများ ကြောင့် အချို့ရွာများရှိ ဒေသခံ ကျေးရွာပြည်သူများ  ကျန်ရှိမှု မရှိ စေရေး အတွက်(၃) ရက်ကြာကာကွယ်ဆေးများထိုးနှံ ပေးကြောင်း သိရသည်။

ဇော်ဝင်းထွန်း(ပြန်/ဆက်)