ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပုံပါကျင်မြို့ရှိ ဘုန်းတော်ကြီးကျောင်းများအတွက် ဆွမ်းဆန်များ လှူဒါန်း

ပုံပါကျင်     စက်တင်ဘာ ၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပုံပါကျင်မြို့ရှိ ဘုန်းတော်ကြီး ကျောင်းများအတွက် ပေးပို့လှူဒါန်းသော ဆွမ်းဆန်များကို ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက် အသီးသီး ရှိ ဘုန်းတော်ကြီးကျောင်းများသို့  ယနေ့နံနက်ပိုင်းက သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် သုခဝိဟာရကျောင်း၊ ဆုံကွီကျောင်း၊ တာကွမ်ကျောင်း၊ တုံဖွန့်ကျောင်း နှင့် မဟာဓာတ်ဆွယ်စုံ ဘုန်းတော်ကြီးကျောင်းများသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်-၁၉လမ်းညွှန်ချက်နှင့်အညီ သွားရောက် လှူဒါန်း ခြင်းဖြစ်ကြောင်း သိရသည်။

သန္တာ