ကျွန်းလှ စက်တင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၇ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်(၄)နေရာ၌ စက်တင်ဘာ(၃)ရက်နေ့က စတင်ထိုးနှံပေးခဲ့ရာ အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွား ၆၀၃ ဦး၊ ပရဟိတအဖွဲ့ ၁၆ ဦး၊ ရဟန်းသံဃာနှင့် သီလရှင် ၂၁ ဦး၊ နိုင်ငံ့ဝန်ထမ်း ၁၀၄ ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေး လုပ်ငန်း ၂ ဦး၊ ပုဂ္ဂလိကစက်ရုံ အလုပ်ရုံ ၁၃ ဦး၊ တည်းခိုခန်းတစ်ဦး၊ ဈေးသည် ၁၁၉ ဦး၊ စုစုပေါင်း ၈၈၀ ဦးထိုးနှံပေးပြီးဖြစ်ကြောင်း၊ ဆေးထိုးရန် ကျန်ရှိပြည်သူ များအား ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ