ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

ဒီးမော့ဆို စက်တင်ဘာ ၅

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်တွင် ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ သတ်မှတ်ထားသည့် ကူးစက်ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးလျက်ရှိသည်။

ဒီးမော့ဆိုမြို့နယ်တွင် သြဂုတ်လ ၅ ရက် ​ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပထမအကြိမ်အဖြစ် သတ်မှတ်ဦးစားပေးအုပ်စုများမှ လူဦးရေ ၆၀၀ ခန့်ကို ထိုးနှံပေးခဲ့ပြီး ယခု ဒုတိအကြိမ်အဖြစ် အဆိုပါ သတ်မှတ်ဦးစားပေးအုပ်စုများအား ဆက်လက်ထိုးနှံပေး​​ခြင်းဖြစ်သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများတို့ ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်