Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဗဟန်းမြို့နယ်၌ အခြေခံစားကုန်များကို ရွေ့လျားစျေးကားစနစ်ဖြင့် စျေးနှုန်းသက်သာစွာ လှည့်လည် ရောင်းချပေးလျက်ရှိ
Sep 06,2021
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အခြေခံ စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်တို့၏ ဦးဆောင်မှုဖြင့် ဗဟန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက် ၇ နာရီတွင် ဗဟန်းမြို့နယ်၊ ကိုယ့်မင်းကိုယ့်ချင်းရပ်ကွက် ကမ္ဘာအေးဘုရားလမ်းရှိ၊ ရွှေဂုံရိပ်မွန်အိမ်ရာတွင် လည်းကောင်း၊နံနက် (၈) နာရီတွင်အလယ်ရွှေဂုံတိုင်ရပ်ကွက်၊ ရွှေဂုံတိုင်လမ်းရှိ လူမှုဝန်ထမ်း အိပ်ရာတွင်လည်းကောင်း၊ နံနက် (၉) နာရီတွင်ငါးထပ်ကြီး တောင်ရပ်ကွက်၊ ငါးထပ်ကြီးဘုရား လမ်းသွယ်ရှိ ငါးထပ်ကြီးတောင်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့တို့တွင် လည်းကောင်း၊ဆန်၊ ဆီ သယ်ယူပို့ဆောင်ရေးနှင့် ရောင်းချရေး မော်တော်ယာဉ်များဖြင့် မြို့နယ်နေပြည်သူများအား အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်၊ဆီ၊ကြက်ဥ၊ဆိတ်သားနှင့် အမဲသား များကို ဈေးနှုန်းသင့်တင့်စွာ လာ ရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိအကြိမ် စတုတ္ထနေ့အဖြစ် ဆက်လက်ထိုးနှံ
Sep 06,2021
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင်က်ိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် စတုတ္ထနေ့အဖြစ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီမှ နေ့လယ်၁၂နာရီထိ လည်းကောင်း၊ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီထိလည်းကောင်း၊ အချိန်ခွဲခြားသတ်မှတ်ပြီး မြို့နယ်ပြည်သူ့ဆေးရုံ၊ ဆေးထိုးစုရပ်နေရာ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့နယ်တွင် ဘိန်းစိုက်ပျိုးမှုပပျောက်ရေးနှင့် မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်
Sep 06,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ်တွင် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က(၂) ခန်းမဆောင်တွင်ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Sep 06,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသေးသည့် အသက်(၆၅) နှစ်နှင့်အထက် အဘိုးအဘွားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းမိသားစုဝင်များ၊ Volunteerများ အား သတ်မှတ်စုရပ်နေရာတို့၌ Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံ ပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘူးသီးတောင်မြို့နယ် တိုက်ပွဲရှောင်ပြည်သူများအား ကိုဗစ် -၁၉ ကာကွယ်ဆေး (SINOVNC) ပထမအကြိမ်ထိုးနှံ
Sep 06,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ လမ်းမဘုန်းတော်ကြီးကျောင်းဝင်းရှိ တိုက်ပွဲရှောင် ပြည်သူ (၆၆)ဦးတို့အား ကိုဗစ် -၁၉ ကာကွယ်ဆေး (SINOVNC)ဆေး ပထမအကြိမ်ထိုးနှံခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က လမ်းမဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ရွှေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
Sep 06,2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့အထိ ကာကွယ်ဆေးလာရောက်ထိုးနှံသူပေါင်း ၅၈၁၂ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လိုက်ခရိုင်အတွင်းရှိ ငါးဖမ်းကွက်(၉)ခုတို့အား အိတ်ဖွင့်တင်ဒါရောင်းချခြင်း အခမ်းအနား ကျင်းပ
Sep 06,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်အတွင်းရှိ ငါးဖမ်းကွက်(၉)ခုတို့အား အိတ်ဖွင့် တင်ဒါရောင်းချပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မော်လိုက်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Sep 06,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်အတွင်း မြို့တွင်း တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယနေ့နံနက်(၁၀) နာရီခွဲက တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25691
Page
25692
Page
25693
Page
25694
Current page
25695
Page
25696
Page
25697
Page
25698
Page
25699
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department