ရသေ့တောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သတ်မှတ်စုရပ်များတွင် ဆက်လက်ထိုးနှံပေး

ရသေ့တောင်    စက်တင်ဘာ     ၇

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခဲ့သည့် အသက်(၆၅)နှစ် နှင့်အထက်သက်ကြီး ရွယ်အိုများနှင့် ဦးစားပေးအုပ်စုတွင် ပါဝင်သည့် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို သတ်မှတ်နေ့ရက်အလိုက် စုရပ်အသီးသီးတွင်  ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းအား ဩဂုတ် ၂၉ ရက်နေ့မှစ၍ မြို့နယ်အတွင်းရှိ သတ်မှတ်စုရပ်(၅)ခု၊ ဆေးထိုးနေရာ(၆)နေရာတို့တွင် ထိုးနှံပေးလျက်ရှိပြီး အသက်(၆၅)နှစ် နှင့်အထက် သက်ကြီး ရွယ်အို(၂၂၁၈)ဦး၊ အစိုးရပုဂ္ဂိလကျန်းမာရေးဝန်ထမ်း(၁၂)ဦး၊ စေတနာ့ဝန်ထမ်း(၃၄၁)ဦး၊ ရဟန်းသံဃာတော်၊ သာသနာ့ နွယ်ဝင်သီလရှင်(၁၇၁)ပါး၊ နိုင်ငံ့ဝန်ထမ်း(၃၄၈)ဦး၊ ဝန်ထမ်းမိသားစုဝင် (၆၂၀)ဦး၊ ပုဂ္ဂလိကစက်ရုံ အလုပ်ရုံဝန်ထမ်း(၆)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ငန်း(၁၄၄)ဦး၊ ကုန်စုံဆိုင်၊ ဈေးရောင်းချသူ(၄၈၃)ဦး စုစုပေါင်း (၄၃၄၃)ဦးတို့အား ထိုးနှံပေးခဲ့ပြီးဖြစ်သည်။

ရသေ့တောင်မြို့နယ်တွင် ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ပထမအကြိမ် ထိုးနှံခဲ့သည့် အသက်(၆၅) နှစ်နှင့် အထက်သက်ကြီးရွယ်အိုများ၊ ရဟန်းသံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းနှင့် မိသားစုဝင်များ၊ စက်ရုံအလုပ်ရုံဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ စသည့် ဦးစားပေး အုပ်စုတွင် ပါဝင်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် ဒေသခံပြည်သူများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ သတ်မှတ် နေ့ရက်အလိုက် ထိုးနှံပေး လျက်ရှိပြီး ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် များနှင့် စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ပူးပေါင်း ကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အောင်စံထွန်း