ဝါးခယ်မမြို့နယ်တွင် ရေဘေးအန္တရာယ်ဆိုင်ရာရေပြင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက် လေ့ကျင့်

ဝါးခယ်မ စက်တင်ဘာ

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ရေဘေးအန္တရာယ်ဆိုင်ရာရေပြင် သက်ကယ် ရှာဖွေ ကယ်ဆယ်ရေး အတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းကို  ယမန်နေ့ နံနက် ၈နာရီကမင်းပိုင်း ရပ်ကွက်၊ ကမ်းနားလမ်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၊ ဝါးခယ်မမြစ်အတွင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါရှာဖွေကယ်ဆယ်ဇာတ်တိုက်လေ့ကျင့်ခြင်းကိုမြို့နယ်မီးသတ်ဦးစီးမှူး ဦးလှိုင်ထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ တပ်ရင်းမှူး ဦးအောင်မျိုးဟိန်းနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကယ်ဆယ်ရေးရေယာဉ်ဖြင့် ရေနစ်သူ အား ရှာဖွေကယ်ဆယ်ခြင်း၊ ရှေ့ဦးသူနာပြုစုခြင်းနှင့် ဆေးရုံသို့ပို့အပ်ခြင်း စသည်တို့ကို သရုပ်ဖေါ် လေ့ကျင့် ခဲ့ကြောင်း  သိရှိရပါသည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့် သရုပ်ပြပွဲသို့  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊  မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမူရေး အသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက် လေ့လာ ကြည့်ရူခဲ့ကြောင်းသိရသည်။

စောသန္တာဦး