လှိုင် စက်တင်ဘာ ၇
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ အထက(၁)ကျောင်းတွင် ယမန်နေ့ နံနက် (၉) နာရီ အချိန်တွင် ၂၀၂၁ခုနှစ် ဩဂုတ်လ ၃ ရက်နေ့နှင့် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့တို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ်(Sinopharm) ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ဆေးထိုးနှံရာတွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင်.ဌာနဆိုင်ရာဝန်ထမ်းစုစုပေါင်း (၈၀၀)ဦး ကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရဿည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ကာကွယ်ဆေးထိုးနှံ သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခဲ့ကြောင်း သိရှိရပါသည်။ ကာကွယ်ဆေး ထိုးနှံရာနေရာသို့ လှိုင်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်နှင့် တာဝန်ရှိ သူများက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး နှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ စေတနာရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူမိဘပြည်သူများအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)