အမြို့မြို့အနယ်နယ်သတင်းများ

Sep 07,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာ ၁၅ ရွာ၌ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ် ကြောင်း အဆိုပါ ဦးစီးဌာနမှသိရသည်။
Sep 07,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာချက်များအရ  စိုးရိမ်ရေအမှတ် ၁၇၀၀ စင်တီမီတာသို့ ရောက်ရန်အလို ၁၆၆၇ စင်တီမီတာ မှ အောက်သို့ မြစ်ရေများ ဆက်လက်လျော့ကျလျက်ရှိရာ ၁၅၁၀ စင်တီမီတာသို့ ‌‌ရောက်ရှိပြီဖြစ်၍ ၁၅၇ စင်တီမီတာ ၅ ဒသမ ၁၅ ပေသို့ ပြန်လည်လျော့ကျသွားကြောင်း သိရသည်။
Sep 07,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးရှေးဟောင်း ယဉ်ကျေးမှု ဇုန်အတွင်း နှစ်သက်တမ်း ၉၀၀ခန့်ရှိ အုတ်တိုက်အမှတ် ၁၃၁၅သည် စက်တင်ဘာ ၆ရက် ည ၇နာရီခွဲအချိန်ခန့်က ပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း ညောင်ဦး မြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။
Sep 07,2021
ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်‌ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခြင်းကို ပေါက်တောမြို့ပေါ်ရှိသာ သနာဗိမာန်စုရပ်နှင့် ကျေးလက်ကျန်းမာရေးဌာနစုရပ (၄)နေရာတို့တွင် ယမန်နေ့နံနက်(၁၀)နာရီက စတင်‌ထိုးနှံပေးသည်။
Sep 07,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ရောဂါ ကူးစက်ပျံ့ပွားမှုများ လျော့နည်းပပျောက်စေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer အဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က မိုဘိုင်းစစ်ဆေးရေး ယာဉ်ဖြင့် ကျေးရွာများအရောက် ကွင်းဆင်းသွားရောက်ပြီး ဒေသခံကျေးလက်နေပြည်သူများကို အခမဲ့ ကိုဗစ် - ၁၉ ရောဂါ ရှာဖွေစစ်ဆေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Sep 07,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် တိုင်းဒေသကြီးကိုယ်စားပြု စပါးတစ်ဧက အထွက်နှုန်း တိုးတက်ရေးအတွက် သိပ္ပံနည်းကျ စိုက်ပျိုးစနစ်ဖြင့် တစ်ကွင်းတစ်စပ်တည်း ဧက(၁၀၀)စံပြကွက် စိုက်ပျိုးထားရှိမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ယမန်နေ့နံနက် ၁၀နာရီက မြင်ချင်ကျေးရွာရှိ ကွင်းအမှတ် ၃၀၃၁၊ ဦးပိုင်အမှတ်(၂၇) တောင်သူ ဦးရွှေမောင်၏ စိုက်ကွင်းတွင် စိုက်ပျိုးထားရှိမှုများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း ရွှေဘိုမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မှသိရသည်။
Sep 07,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခဲ့သည့် အသက်(၆၅)နှစ် နှင့်အထက်သက်ကြီး ရွယ်အိုများနှင့် ဦးစားပေးအုပ်စုတွင် ပါဝင်သည့် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို သတ်မှတ်နေ့ရက်အလိုက် စုရပ်အသီးသီးတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Sep 07,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ အထက(၁)ကျောင်းတွင် ယမန်နေ့ နံနက် (၉) နာရီ အချိန်တွင် ၂၀၂၁ခုနှစ် ဩဂုတ်လ ၃ ရက်နေ့နှင့် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့တို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ်(Sinopharm) ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ဆေးထိုးနှံရာတွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင်.ဌာနဆိုင်ရာဝန်ထမ်းစုစုပေါင်း (၈၀၀)ဦး ကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရဿည်။