ကျိန္တလီ စက်တင်ဘာ ၇
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် အသက်(၆၅)နှစ် အထက်ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်မှ စတင်ကာ မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမစုရပ်၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ ဒုတိယအကြိမ် ကာကွယ်ဆေးဆက်လက်ထိုးနှံပေးခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်း ၊ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာအောင်ခင်ထွေးတို့ကလာကြည့်ရှုကြသည်။ ဒုတိယ အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ရာတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျိန္တလီ မြို့ ရှိ စေတနာ့ဝန်ထမ်းများက လိုအပ်သည်များဆောင်ရွက်ပေးကြသည်။
ဆက်လက်၍ ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမစုရပ်တွင် ဆေးထိုးရန် ရောက်ရှိလာကြသည့် သံဃာတော်(၄)ပါး၊ ဘုန်းတော်ကြီးကျောင်းသား(၂)ဦး၊ နိုင်ငံဝန်ထမ်း(၁၅)ဦး၊ ပရဟိတ/စေတနာ့ဝန်ထမ်း(၄၉)ဦး၊ အသက်(၆၅)နှစ်အထက်(၂)ဦး၊ ဈေးရောင်းဈေးသည်(၃၀)ဦး၊ ပုဂ္ဂလိက စက်ရုံ(၇)ဦး၊ ပို့ဆောင်ရေးဂိတ်(ပုဂ္ဂလိက)(၁)ဦး စုစုပေါင်း (၁၁၀) ဦး လာရောက်ထိုးနှံ ခဲ့ကြ ကြောင်း သိရသည်။
ခိုင်မိုးမင်း