စပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေးအတွက် သိပ္ပံနည်းကျ စိုက်ပျိုးစနစ်ဖြင့် တစ်ကွင်းတစ်စပ်တည်း ဧက(၁၀၀)စံပြကွက် စိုက်ပျိုးထားရှိမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကွင်းဆင်းကြည့်ရှု

ရွှေဘို ၊ စက်တင်ဘာ  ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် တိုင်းဒေသကြီးကိုယ်စားပြု စပါးတစ်ဧက အထွက်နှုန်း တိုးတက်ရေးအတွက် သိပ္ပံနည်းကျ စိုက်ပျိုးစနစ်ဖြင့် တစ်ကွင်းတစ်စပ်တည်း ဧက(၁၀၀)စံပြကွက် စိုက်ပျိုးထားရှိမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ယမန်နေ့နံနက် ၁၀နာရီက မြင်ချင်ကျေးရွာရှိ ကွင်းအမှတ် ၃၀၃၁၊ ဦးပိုင်အမှတ်(၂၇) တောင်သူ ဦးရွှေမောင်၏ စိုက်ကွင်းတွင်  စိုက်ပျိုးထားရှိမှုများကို  ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း ရွှေဘိုမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မှသိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှုး ဦးဝင်းလှိုင်ဦးမှ  တိုင်းဒေသကြီးကိုယ်စားပြု စပါးတစ်ဧက အထွက်နှုန်း တိုးတက်ရေးအတွက် သိပ္ပံနည်းကျ စိုက်ပျိုးစနစ်ဖြင့် တစ်ကွင်းတစ်စပ်တည်း ဧက(၁၀၀)စံပြကွက် ရွှေးချယ်ခြင်းနှင့် ပတ်သက်၍ မြေယာပြုပြင်ခြင်း၊ ပျိုးထောင်ခြင်း၊ ကောက်စိုက်ခြင်း၊ အပင်ပြုစုခြင်း လုပ်ငန်းများတွင် ခေတ်မီစက်ကိရိယာ များကို အသုံးပြုနိုင်သည့် အခြေအနေတွင်ရှိသော သဖန်းဆိပ်ဆည် ရေသောက်ဧရိယာတွင် ပါဝင်သည့် JICA(AIIP) စိုက်ပျိုးရေး ဝင်ငွေတိုးတက်ရေးစီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော မြင်ချင်ကျေးရွာရှိ တောင်သူ(၂၅)ဦး၏ စိုက်ဧက (၁၀၀)တွင် ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် ထိုသို့ သိပ္ပံနည်းကျ စိုက်နည်းစနစ်များကို အသုံးပြုခြင်းဖြင့်  တစ်ဧက စပါး အထွက်နှုန်း အမြင့်ဆုံးအထိ ပိုမိုထွက်ရှိနိုင်ကြောင်း တောင်သူများအား ပညာပေးစည်းရုံးရန်အတွက် လည်းကောင်း၊ ၎င်းနည်းစနစ်ကို တောင်သူများပြည့်ပြည့်ဝဝ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် လည်းကောင်း၊ မျိုး၊ ဓါတ်မြေဩဇာ၊ သဘာဝမြေဩဇာ စသည့် သွင်းအားစုပစ္စည်းများအား အချိုးကျ၊ အချိန်ကိုက် စနစ်တကျထည့်သွင်း အသုံးပြုတတ်စေရန် လည်းကောင်း၊ တောင်သူအချင်းချင်း နည်းပညာများဖလှယ် စိုက်ပျိုးလုပ်ကိုင်နိုင်စေရန်အတွက် လည်းကောင်း ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာမင်းက အဆိုပါစိုက်ကွင်းတွင် ဆောင်ရွက်လျက် ရှိသော ယူရီးယား ဓါတ်မြေဩဇာ ၁/၄အိတ်နှင့် နွားချေး (၃)အိတ် ၁:၃ နှုန်းဖြင့် ယူရီးယား ဓါတ်မြေဩဇာ လေ့လွှင့် ဆုံးရှုံးမှု မရှိစေရန်နှင့် အပင်မှ အဟာရဓါတ်ပြည့်ဝစွာ စားသုံးနိုင်စေရန် ရည်ရွယ်၍ ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာ တို့ကို အကျိုးရှိရှိ တွဲဖက်အသုံးပြုတတ်စေရန် လက်တွေ့ရှင်းလင်း ဆောင်ရွက်ပြခဲ့သည်။ ဆက်လက်၍ ကျွန်မတို့ ရွှေဘိုမြို့နယ်ဟာ စပါးစိုက်ဧက၏ စုစုပေါင်းစိုက်ဧကရဲ့ (၈၅)ရာခိုင်နှုန်းခန့်ကို ရွှေဘိုပေါ်ဆန်းစပါးမျိုးကို စိုက်ပျိုးတာဖြစ်ကြောင်းနှင့် ထိုရွှေဘို ပေါ်ဆန်းစပါးမျိုး အထွက်နှုန်း တိုးတက်ရေးအတွက်လည်း သိပ္ပံနည်းကျ စိုက်နည်းစနစ် (၁၄)ချက်ကို ပျိုးထောင်ချိန်မှ စတင်၍ ရိတ်သိမ်းချိန်အထိ  လိုက်နာဆောင်ရွက်စေရန် တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်း တင်ပြခဲ့သည်။

 

ခရိုင်ပြန်/ဆက်