Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မင်းဘူးမြို့သို့ အောက်ဆီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများ စတင်ရောက်ရှိ မြို့နယ်အတွင်းရှိ မိဘပြည်သူများ၏ အောက်ဆီဂျင်လိုအပ်မှုများကို ဖြည့်ဆည်းပေးနိုင်တော…
Sep 07,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် အတွင်းရှိ ဒေသခံမိဘ ပြည်သူ များ၏ အောက်စီဂျင် အရေးပေါ်လိုအပ်မှုများကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် မင်းဘူးမြို့၊ ဗြဟ္မစိုရ်လူမှု ကူညီရေးအသင်း ရုံးဝင်းအတွင်း၌ တည်ဆောက်နေသော အောက်စီဂျင်စက်ရုံအတွက် အောက်ဆီဂျင် စက်နှင့် ဆက်စပ်ပစ္စည်းများ ယမန်နေ့ မွန်းလွဲပိုင်းက စတင်ရောက်ရှိ ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့တွင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှအခြေခံမွေးမြူရေးသင်တန်းဖွင့်လှစ်လျက်ရှိ
Sep 07,2021
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဒေသနေပြည်သူများ မွေးမြူရေးလုပ်ငန်းများတိုးတက်စေရန်၊ တိရစ္ဆာန်မွေးမြူရေးနှင့်ပတ်သက်၍ ဖြစ်ပေါ်လာသည့် ရောဂါများအကြောင်းကို သိရှိစေရန် ရည်ရွယ်၍ အခြေခံမွေးမြူရေးသင်တန်းကို ယမန်နေ့က မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် သင်တန်းဖွင့်လှစ်ပို့ချလျက်ရှိကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ဆေးထိုးနှံမှုများကို အရှိန် အဟုန်မြင့်ဆောင်ရွက်သည့်အနေဖြင့် နေရာလေးနေရာတိုး၍လုပ်ဆောင်လျက်ရှိ
Sep 07,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးဒုတိယအကြိမ် ဆေးထိုးနှံခြင်းလုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၇ရက်နေ့တွင် အသက် ၆၅နှစ်အထက်သက်ကြီး အဘိုးအဘွားများ ညောင်ဦးမြို့ အနော်ရထာခန်းမသို့လာရောက်ရာတွင် ခရီးဝေးမှု၊ အဘိုးအဘွားများပင်ပန်းမှုသက်သာစေရန် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးရန် သတ်မှတ်စုရပ်(၇)နေရာအပြင်၊ နောက်ထပ်လေးနေရာ ကာကွယ်ဆေးထိုးနှံနိုင်ရေး စီစဉ်ထိုးနှံပေးလျက် ရှိကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံကသိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး(စကု)မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးသီးနှံစိုက်ဧကပေါင်း ၄၇၃၇ ဧကအတွက် ချေးငွေများ ထုတ်ချေးပြီးစီး
Sep 07,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင်၂၀၂၁ ခုနှစ် မိုးသီးနှံအတွက် စိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့ နေ့လည် ၁၂ နာရီ အချိန်က ဆက်လက်ချေးပေးလျက်ရှိရာ အုပ်စုပေါင်း ၂၈အုပ်စု၊ တောင်သူပေါင်း ၇၅၆ ဦးနှင့် စပါး ၁၆၇၇ ဧက၊ နှမ်းသီးနှံစိုက်ဧက ၃၀၆၀ ဧကအတွက် ကျပ်သိန်းပေါင်း ၅၅၇၅.၅၀ ကျပ်ကို ထုတ်ချေးပြီး သွားပြီဖြစ်ကြောင်း မင်းဘူးမြို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးမြို့ မင်းပူးဦးဩဘာသခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသော အဘိုးအဘွားများရဲ့ ရင်တွင်းပီတိစကားသံများ
Sep 07,2021
ဦးခင်မောင်စိုး ( မင်းဘူးမြို့ ) မေး။ ဦးလေးမင်္ဂလာပါရှင့်၊ ဦးလေးရဲ့ နာမည်လေးနဲ့ ဘယ်ကနေလာပြီးတော့ ကာကွယ်ဆေး ထိုးတာလဲဆိုတာလေး ပြောပြ ပေးပါအုံးရှင့်။ ဖြေ။ ဦးကနာမည် ဦးခင်မောင်စိုးပါ၊ မင်းဘူးကပါဘဲ။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ ပင်ထောင်မြေပဲခေါ်သုံးလမြေပဲများစတင် နှုတ်သိမ်း အထွက်နှုန်းကောင်းသည့် နှစ်တစ်နှစ်ဖြစ်လာ
Sep 07,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးလက်တောင်သူများစိုက် ပျိုးထားသည့် ပင်ထောင်မြေပဲခေါ်သုံးလမြေပဲများစတင်နှုတ်သိမ်းနေပြီဖြစ်ရာ အထွက် နှုန်းကောင်းမွန်ခြင်းကြောင့် မြေပဲစိုက်ပျိုးတောင်သူများ မြေပဲတစ်တင်းကျတင်းသုံးဆယ် ထိထွက်ရှိနေကြောင်း ငါ့မင်းမေးကျေးရွာ မြေပဲစိုက်ပျိုးတောင်သူ ဦးမောင်လေးကရှင်းပြ ၍သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ် မင်းရပ်ရပ်ကွက်တွင် အညှာခိုင်မှုအသင့်အတင့်ရှိသော ရေအနည်းလို စပါးမျိုးများ အကွက်ကျယ် သရုပ်ပြစမ်းသပ်စိုက်ပျိုး
Sep 07,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မင်းရပ်ရပ်ကွက်တွင် အညှာခိုင်မှုအသင့်အတင့်ရှိသော ရေအနည်းလို စပါးမျိုးများအကွက်ကျယ် သရုပ်ပြစမ်းသပ်စိုက်ပျိုးခြင်းကို ယမန်နေ့နံက်ပိုင်းက စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့တွင်ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး
Sep 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ် ဦးစီးမှူး ဦးထွန်းဆွေ ဦးဆောင်သော ဝန်ထမ်းများမှ မြိုနယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် ပြုလုပ်လို သူများကို ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့က ကညင်ချောင်းကျုံဖားကျေးရွာအုပ်စုသို့ ကွင်းဆင်း ဆောင်ရွက်ပေး ခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25688
Page
25689
Page
25690
Page
25691
Current page
25692
Page
25693
Page
25694
Page
25695
Page
25696
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department