ပြည်၊ စက်တင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြည်မြို့တွင် ဧရာဝတီမြစ်ရေမြင့်တက် လာမှုကြောင့် ရေဝင်ရောက်သည့် အနိမ့်ပိုင်း ရပ်ကွက်များရှိ အိမ်ထောင်စု များအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက်(၁၁) နာရီအချိန်က နဝင်းရပ်ကွက်၊ ရွှေပလ္လင်မှော်ဓမ္မာရုံနှင့် ပြည်သာယာရပ်ကွက် ၊ကိုးသောင်း (မူလွန်)ကျောင်းတို့၌ ပြုလုပ်ခဲ့ သည်။
ထောက်ပံ့ပေးအပ်ရာတွင် ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်နှင့် တာဝန်ရှိသူများက မြစ်ရေဝင်ရောက်သည့် နဝင်း ရပ်ကွက်၊ ကမ်းနားလမ်း ရွှေပလ္လင်မှော် အောက်ချိုင့်ရှိ အိမ်ထောင်စု (၁၁၉)စု၊ လူဦးရေ(၅၄၀)ဦးနှင့် ပြည်သာယာရပ်ကွက်၊ ခရမ်းကုန်း (၁)တာရိုးလမ်းရှိ အိမ်ထောင်စု (၃၇)စု၊ လူဦးရေ (၁၆၇)ဦးတို့အတွက် တစ်ဦးလျှင် ဆန်နှစ်ပြည်နှုန်းဖြင့် စုစုပေါင်း ဆန်အိတ် (၅၇)အိတ်နှင့် နှာခေါင်းစည်း Mask များကို အိမ်ထောင်စုဝင်များထံ လက်ဝယ်အရောက်အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူးက အဆိုပါအိမ်ထောင်စုဝင်များအား အားပေးစကား ပြောကြားခဲ့ကြောင်းသိရှိ ရသည်။