နမ္မတူတွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ ၃၃၃၂ဦး ရှိပြီဖြစ်

နမ္မတူ စက်တင်ဘာ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် အမှတ်()အခြေခံပညာ အထက်တန်း ကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဦးစားပေးအဆင့်အလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက် (၆၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား များ၊ သံဃာတော်များ၊ ပရဟိတအသင်းအဖွဲ့ဝင်များ၊ ဈေးရောင်းချသူများ၊ ပုဂ္ဂလိကဘဏ်များမှ ဝန်ထမ်း များ၊ ပုဂ္ဂလိကပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းဆောင်ရွက် နေသူများစသည်ဖြင့် ဦးစားပေး အဆင့် အလိုက် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ဩဂုတ်လ (၆)ရက်နေ့နှင့် (၇)ရက်နေ့တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူများအား စက်တင်ဘာလ (၄)ရက်နေ့နှင့် (၅)ရက်နေ့တွင် ဒုတိယအကြိမ် ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးခဲ့ရာ ဒေသခံပြည်သူ ၆၇၈ဦး အား ကာကွယ် ဆေးများ ထိုးနှံပေးခဲ့ပြီး နမ္မတူမြို့နယ်တွင် ဒုတိယအကြိမ်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ၃၃၃၂ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

လူမော်