နမ့်စန်(တ) စက်တင်ဘာ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့ နေ့လယ်ပိုင်း RDT Test kit စစ်ဆေးမှုအရ အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၅ ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံသို့ အနံ့ပျောက်၊ ဖျားနာ၊ ချောင်းဆိုး၍လာရောက်ပြသသူ များအပါအဝင် သံသယလူနာ ၃၈ ဦးကို မြို့နယ်ပြည်သူ့ဆေးရုံ၌ နံနက် ၈နာရီမှ နေ့လယ် ၁၂နာရီအတွင်း RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ အမှတ်(၁)ရပ်ကွက်မှ ၄၈ နှစ်အရွယ် အမျိုးသမီး ၁ ဦး ၊ အမှတ်(၂)ရပ်ကွက်မှ ၇၆ နှစ်အရွယ် အမျိုးသား ၁ ဦး ၊ ၁၆ နှစ်အရွယ် အမျိုးသမီး ၁ ဦး ၊ အမှတ်(၅)ရပ်ကွက် မှ ၃၇ နှစ်အရွယ် အမျိုးသမီး ၁ ဦး ၊ ၇၄ နှစ်အရွယ် အမျိုးသမီး ၁ ဦး ၊ စုစုပေါင်း ၅ ဦးထံတွင် ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။
မြို့နယ်မှတာဝန်ရှိသူများက အဆိုပါကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သူ ၅ ဦး ကို ပြည်သူ့ ဆေးရုံရှိ သံဃာဆောင်၊ ၄ထပ်ဆောင်နှင့် ကောင်းမြတ်ကိုယ်ပိုင်အထက်တန်းကျောင်းတို့တွင် ထားရှိ ကုသပေးလျက်ရှိပြီး ၎င်းတို့နေအိမ်ရှိ အတူနေမိသားစုဝင်များ၊ ထိတွေ့မှုရှိခဲ့သူများကို ၁၄ရက် အသွား အလာ ကန့်သတ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
နမ့်စန်မြို့၌ ယနေ့တွင် ကျန်းမာရေးကောင်းမွန်၍ ၁၇ ဦး ဆေးရုံဆင်းခဲ့ပြီး ယနေ့ နေ့လယ်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၉၀၃ ဦး ရှိပြီဖြစ်ကာ ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ပြုသူ ၇၂၇ ဦးနှင့် ဆေးရုံတွင်သေဆုံးသူ ၁၁ ဦးအပါအဝင် စုစုပေါင်း သေဆုံးသူ ၂၈ ဦး ရှိပြီ ဖြစ်ကြောင်းမြို့နယ်ပြည်သူ့ဆေးရုံမှ သိရသည်။
မြို့နယ်ပြန်/ဆက်