ပိုင်ကျုံ စက်တင်ဘာ ၁၃
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ပိုင်ကျုံမြို့ကိုဗစ်၁၉-ရောဂါဆိုးကြီးသည်လျှင်မြန်စွာကူးစက်ပျံ့ပွားလျက်ရှိပြီးနေ့စဉ်ရောဂါကူးစက်မှုများဖြစ်ပေါ်လျက်ရှိသောကြောင့်ရောဂါကူးစက်ပျံ့ပွားမှုကိုလျော့နည်းစေပြီးထိရောက်စွာကုသထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်ပြည်သူ့သို့ အသိပေးပန်ကြားချက်များကိုကရင်ဘာသာဖြင့်ယနေ့နံနက်(၈)နာရီအချိန်ကမဲပရကြီးကျေးရွာသို့လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
ထိုသို့အသိပညာပေးနှိုးဆော်ချက်များကြေညာရာတွင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းတို့ကမိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများကို သိရှိစေရန်အတွက်မဖြစ်မနေအိမ်တွင်း၌သာနေထိုင်ပါ။ သို့မှာသာရောဂါ ကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက်ကာကွယ်နိုင်မှာဖြစ်ပါသည်။ ပြင်ပမှလာသောဧည့်သည်များ လက်မခံကြပါရန်နှင့် မိမိတို့ကလည်း အခြားသူများထံသွားရောက်ခြင်းမပြုကြရန်၊ အရေးကြီးကိစ္စ ကြောင့်အပြင်ထွက်ရပါကပါးစပ်နှင့်နှာခေါင်းစည်းကိုစနစ်တကျတပ်ဆင်ပါ၊အခြားသူများနှင့်ခပ်ခွာခွာ နေပါ၊ပါးစပ်နှင့်နှာခေါင်းစည်းမတပ်ထားသူများနှင့် တွေ့ဆုံခြင်း၊စကားပြောခြင်း၊ ဈေးဝယ်ခြင်း များမှ ရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါ၊ အရာဝတ္တုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာအောင်စနစ်တကျ ဆေးကြောကြပါ၊ လက်ကို ဆေးကြောခြင်းမပြုဘဲ ပါးစပ်နှာခေါင်းနှင့်မျက်စိတို့ကို ပွတ်သတ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း
မပြုလုပ်ကြပါရန်၊ လေဝင်လေထွက်မကောင်းသော အခန်းများသွားလာခြင်းမှရှောင်ပါ၊ သက်ကြီးရွယ် အိုများနှင့်ဆီးချို၊ သွေးတိုးနှင့်နှလုံးရောဂါအခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရ ပြီးအသက်အန္တရာယ်ထိခိုက်နိုင်ပါသည်၊ မိမိတို့၌ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယ ရှိပါက နီးစပ် ရာကျန်းမာရေး ဌာနများသို့ဆက်သွယ်၍ မပျက်မကွက်စစ်ဆေးကုသမှုခံယူကြပါရန်၊ အလှည့် ရရှိသော ကာကွယ်ဆေးများကို မိမိတို့အတွက်အကောင်းဆုံးဖြစ်၍ ကာကွယ်ဆေးကို အကြိမ် ပြည့်ထိုးနှံပါ၊ ကာကွယ်ဆေးထိုးပြီးသော်လည်း ရောဂါကာကွယ်ရေးနည်းလမ်းများကို ဆက်လက် လိုက်နာပါ စသည့်ဆောင်ရန်/ရှောင်ရန်အချက်များအား ကရင်ဘာသာဖြင့်လိုက်လံ နှိုးဆော်ပေးခဲ့ ကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)