ဒေးဒရဲမြို့တွင် အများပြည်သူသုံးသောက်ရေကန် တာပေါင်ကျိုးပေါက်မှုအားပြန်လည်ပြုပြင်ဆောင်ရွက်

ဒေးဒရဲ စက်တင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့  အမှတ်(၁)ရပ်ကွက်ရှိ အောင်မင်္ဂလာသောက်ရေကန် တာပေါင်ကျိုးပေါက်မှုအား မြို့နယ်မီးသတ်တပ်ဖွဲ့မှ ယမန်နေ့ နေ့လည် (၂) နာရီက  ပြန်လည်ပြုပြင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ သောက်ရေကန်မှာ ယမန်နေ့ နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အလျား၈ ပေ၊ အနံ ၁၀ ပေ အမြင့် ၅ ပေ ကျိုးပေါက်ပျက်စီးခဲ့ရာ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်ဦးစီးမှူး ဦးဟန်ဝင်းစိုး ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၁၅)ဦး၊ အရန်တပ်ဖွဲ့ဝင် (၁၀)ဦးတို့က ကျိုးပေါက်ပျက်စီးသွားသော တာပေါင်အား လိုအပ်သည်များကို ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

မြို့နယ်မီးသတ်တပ်ဖွဲ့အနေဖြင့် မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များကျရောက်လာပါက အရေး ပေါ်တုန့်ပြန်ဆောင်ရွက်နိုင် ရန် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များကို ဖွဲ့စည်းထားရှိပြီး ကယ်ဆယ်ရေးပစ္စည်းများနှင့်  အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအင် အား(၄၅)ဦးတို့ဖြင့် ဖွဲ့စည်းထားရှိကြောင်းသိ ရသည်။

အေဇာလင်း