အမြို့မြို့အနယ်နယ်သတင်းများ

Sep 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဇော်ဂျီကွင်းကျေးရွာအုပ်စု၊ တလိုင်းကုန်း​​ကျေးရွာနှင့် ဇော်ဂျီတောင်ကျေးရွာတို့၌ တစ်ပိုင်တစ်နိုင် ဝက်မွေးမြူသူများနှင့်တစ်ပိုင်တစ်နိုင်စီးပွားဖြစ်မွေးမြူသောဝက်မွေးမြူရေးခြံများသို့ ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ဝက်ဝမ်းကျရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့ကြသည်။
Sep 14,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် သွယ်တန်းထားလျက်ရှိသည့် လျှပ်စစ်ကြိုးတန်းများနှင့် ဓာတ်တိုင် များ တွင်ပိတ်ဆိုးနေသည့် သစ်ပင်သစ်ကိုင်းများ၊ လျှပ်စစ် အန္တရာယ်ဖြစ်ပေါ်စေသည့် အခြေအနေများအား စစ်ဆေးရှင်းလင်း ဆောင်ရွက်ခြင်းကို ယမန့်နေ့ နေ့လည်ပိုင်းက လျှပ်စစ်ဝန်ထမ်းများကဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Sep 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၃)ဉီးအား ယမန်နေ့၊ ညနေပိုင်းနှင့် ညပိုင်းက ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။
Sep 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် သံဃာနာယကဥက္ကဋ္ဌ ရွှေညောင်ပင် ဘုန်းကြီးကျောင်းတိုက်ဝန်း အတွင်းအပြင်ရှိ ပေါင်းမြက်များအား မိုးရာသီတွင်ဖြစ်ပွား တတ်သောရောဂါများ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရန် ကျောင်းထိုင်ဆရာတော်ကြီးနှင့် သံဃာတော်များ၊ ကျောင်းသားများ ကျန်းမာစွာနေထိုင်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ယနေ့ နံနက်(၈)နာရီအချိန်က စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Sep 14,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် အနောက် ရပ်ကွက်အတွင်းရှိ နန်းဟူးပရိယတ္တိ စာသင်တိုက်မှသံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိသွားရောက် စစ်ဆေးပေးခဲ့သည်။
Sep 14,2021
ရန်ကုန်တိုင်း​ဒေသကြီး​၊​ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်း သန့်ရှင်းသာယာလှပ​စေရန် အမှိုက်များ ရှင်းလင်းခြင်း၊ မိုးရာသီတွင် ဖြစ်ပွား​တတ်​သော​သွေးလွန်တုပ်​ကွေး​ရောဂါသည် ခြင်​ကိုက်ရာမှဖြစ်​သော​ကြောင့် ခြင်များ​ပေါက်ဖွားခြင်းမရှိ​စေရန် ရည်ရွယ်၍​ ရေမြောင်းများ​ ရေစီး​ရေလာ​ကောင်းမွန်​အောင်​ဆောင်ရွက်ခြင်းတို့ကို မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့နှင့် မြို့နယ်ကြက်​ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက ယနေ့နံနက် ၈ နာရီက​ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
Sep 14,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ကိုဗစ်၁၉-ရောဂါဆိုးကြီးသည် လျှင်မြန်စွာကူးစက်ပျံ့ပွားလျက်ရှိပြီးနေ့စဉ်ရောဂါ ကူးစက်မှုများဖြစ်ပေါ်လျက်ရှိသောကြောင့် ရောဂါကူးစက်ပျံ့ပွားမှုကိုလျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင် ရေးအတွက်ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်ပြည်သူ့သို့ အသိပေးပန်ကြားချက်များအား ယနေ့ နံနက်(၉) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ လိုက်လံအသိပေးနှိုးဆော်ခဲ့ ကြောင်း သိရသည်။
Sep 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီဝန်ထမ်းများအား လူမှုဖူလုံရေး အစီအစဉ်ဖြင့် ယနေ့နံနက် (၉)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပထမအကြိမ် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။