အမြို့မြို့အနယ်နယ်သတင်းများ

Sep 14,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ရေဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါ၊ကာကွယ်၊ ထိန်းချုပ်၊ကုသရေး လုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီ ၊ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ စေတနာရှင်အလှူရှင်များက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ၊ရေဖြူမြို့ ၊(က)ရပ်ကွက်တွင်နေထိုင်သော ကိုဗစ် -၁၉ရောဂါ ဖြစ်ပွားပြီး ပြန်လည်သက်သာလာသူ တစ်ဦး၏ ရင်တွင်း စကားသံကို ယခုလိုကြားသိခဲ့ရပါတယ်။
Sep 14,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများ အသိပညာပေးဆော်ဩခြင်းမျာကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဌာနနှင့် အဖွဲ့တို့သည် မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေးဆော်ဩခြင်းများ ဆောင်ရွက်‌ခဲ့ကြောင်း သိရသည်။
Sep 14,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး ဧည့်ခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
Sep 14,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများကို အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ခရိုင်အတွင်းရှိတောင်သူများအား၊ ၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးခြင်းကို ဇွန်လ (၁) ရက်နေ့မှစတင်၍ ထုတ်ချေးပေးခဲ့ရာ ယခုအချိန်စေ့ရောက်ပြီး ချေးငွေပြေ ကျေပြီးသည့်တောင်သူများအား ချေးငွေထုတ်ချေးပေးခြင်းကို ဆက်လက်ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။
Sep 14,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် နယ်စပ်ဒေသ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနိူးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ဒေသတွင်းသို့ လှည့်လည်နှိုးဆော်ခဲ့ကြသည်။
Sep 14,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် ကိုဗစ် -၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများမှ မြို့နယ်ကြက်ခြေနီအသင်းနှင့် ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီအချိန်တွင် စပ်လဲကျေးရွာ၌ အသိပညာပေး နှိုးဆော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။