ကရသူရိ စက်တင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် သွယ်တန်းထားလျက်ရှိသည့် လျှပ်စစ်ကြိုးတန်းများနှင့် ဓာတ်တိုင် များ တွင်ပိတ်ဆိုးနေသည့် သစ်ပင်သစ်ကိုင်းများ၊ လျှပ်စစ် အန္တရာယ်ဖြစ်ပေါ်စေသည့် အခြေအနေများအား စစ်ဆေးရှင်းလင်း ဆောင်ရွက်ခြင်းကို ယမန့်နေ့ နေ့လည်ပိုင်းက လျှပ်စစ်ဝန်ထမ်းများကဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါဆောင်ရွက်ခြင်းကို မြို့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတာဝန်ခံ ဦးမြင့်သိန်းနှင့်အဖွဲ့က မြို့တွင်းသွယ်တန်း ထား သော လျှပ်စစ်ကြိုးများတွင် ပိတ်ဆိုးနေသည့်သစ်ပင်/ သစ်ကိုင် များအားခုတ်ထွင်းရှင်း၊ လျှပ်စစ်ကြိုးများအားစနစ်တကျ တပ် ဆင်ခြင်း၊ လျှပ်စစ် ဓာတ်တိုင်များခိုင်ခံမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး စနစ် တကျ ပြုပြင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကရသူရိ (ပြန်/ဆက်)