မင်္ဂလာဒုံမြို့နယ် သန့်ရှင်းသာယာလှပရန်နှင့်​ သွေးလွန်တုပ်​ကွေး​​ရောဂါ မဖြစ်ပွား​အောင် စုပေါင်းသန့်ရှင်း​ရေး​ဆောင်ရွက်

မင်္ဂလာဒုံ  စက်တင်ဘာ   ၁၄

ရန်ကုန်တိုင်း​ဒေသကြီး​၊​ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်း သန့်ရှင်းသာယာလှပ​စေရန် အမှိုက်များ ရှင်းလင်းခြင်း၊ မိုးရာသီတွင် ဖြစ်ပွား​တတ်​သော​သွေးလွန်တုပ်​ကွေး​ရောဂါသည် ခြင်​ကိုက်ရာမှဖြစ်​သော​ကြောင့် ခြင်များ​ပေါက်ဖွားခြင်းမရှိ​စေရန် ရည်ရွယ်၍​ ရေမြောင်းများ​ ရေစီး​ရေလာ​ကောင်းမွန်​အောင်​ဆောင်ရွက်ခြင်းတို့ကို မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့နှင့် မြို့နယ်ကြက်​ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက ယနေ့နံနက် ၈ နာရီက​ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မင်္ဂလာဒုံမြို့နယ် စည်ပင်သာယာအုပ်ချုပ်​ရေးမှူး ဦးသန်းဦးနှင့် စည်ပင်စီမံဌာန၊ လမ်းတံတား​ရေသန့်ဌာန၊ ပန်းဥယျာဉ် ဌာန၊ သန့်ရှင်းရေးဌာန၊ မြို့နယ်ကြက်​ခြေနီတပ်ဖွဲ့မှူး ဦး​အေးသွင်နှင့် ကြက်​ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ပူး​ပေါင်း၍​ ထောက်ကြန့်မြို့​ရှောင် လမ်းမကြီးနှင့် မင်္ဂလာဒုံမြို့အဝင်အနီးရှိ မြနန္ဒာပန်းခြံ အ​ရှေ့အ​နောက်လမ်းမကြီးများ​ဘေးရှိ​ ရေ​မြောင်းများ​ ရေစီး​ရေလာ​ကောင်း​အောင် ​ဆောင်ရွက်ခြင်း၊ အမှိုက်များ ရှင်းလင်းပြီး စနစ်တကျစွန့်ပစ်ခြင်းများကို စု​ပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မျိုးသန့်