ပိုင်ကျုံ စက်တင်ဘာ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ကိုဗစ်၁၉-ရောဂါဆိုးကြီးသည် လျှင်မြန်စွာကူးစက်ပျံ့ပွားလျက်ရှိပြီးနေ့စဉ်ရောဂါ ကူးစက်မှုများဖြစ်ပေါ်လျက်ရှိသောကြောင့် ရောဂါကူးစက်ပျံ့ပွားမှုကိုလျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင် ရေးအတွက်ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်ပြည်သူ့သို့ အသိပေးပန်ကြားချက်များအား ယနေ့ နံနက်(၉) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ လိုက်လံအသိပေးနှိုးဆော်ခဲ့ ကြောင်း သိရသည်။
အသိပညာပေးနှိုးဆော်ချက်များ ကြေညာရာတွင် မဖြစ်မနေအိမ်တွင်း၌သာနေထိုင်ပါ။ သို့မှာသာရောဂါ ကွင်းဆက် ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက်ကာကွယ်နိုင်မှာဖြစ်ပါသည်။ ပြင်ပမှ လာသောဧည့်သည်များ လက်မခံ ကြပါရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြု ကြရန်၊ အရေးကြီးကိစ္စကြောင့်အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ပါ၊ အခြားသူများနှင့် ခပ်ခွာခွာနေပါ၊ ပါးစပ်နှင့်နှာခေါင်းစည်းမတပ် ထားသူ များနှင့်တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာ ခြင်းကိုရှောင်ကြပါ၊ အရာဝတ္တု တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀) ကြာအောင်စနစ်တကျ ဆေးကြောကြပါ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်နှာခေါင်းနှင့်မျက်စိတို့ကိုပွတ်သတ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်းမပြုလုပ်ကြပါရန်၊ လေဝင်လေထွက်မကောင်းသော အခန်းများ သွားလာခြင်းမှ ရှောင်ပါ၊ သက်ကြီး ရွယ်အိုများနှင့်ဆီးချို၊ သွေးတိုးနှင့်နှလုံးရောဂါအခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်း ထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်ပါသည်၊ မိမိတို့၌ရောဂါပိုးကူးစက်ခံနေရသည်ဟုသံသယ ရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာန များသို့ ဆက်သွယ်၍ မပျက်မကွက်စစ်ဆေးကုသမှုခံယူကြပါရန်၊ အလှည့်ရရှိသော ကာကွယ် ဆေးများ ကို မိမိတို့အတွက်အကောင်းဆုံးဖြစ်၍ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံပါ၊ကာကွယ်ဆေးထိုးပြီးသော်လည်း ရောဂါ ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာပါ၊ ရောဂါ ကာကွယ်ရေးနည်းလမ်းများကို မိဘပြည်သူ များအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် စသည့် အချက်များပါဝင်ပါသည်။
ထိုသို့လုပ်ငန်းများဆောင်ရွက်ခြင်းကို ပိုင်ကျုံမြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ် ဦးစီးဌာန၊ ရဲတပ်ဖွဲ့များနှင့် သက်ဆိုင်ရာရပ်ကွက်တာဝန်ရှိသူတို့က ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ် ရေးနှိုးဆော်ချက်များကို အသံချဲ့စက်ဖြင့်လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)