ဇလွန် စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဇော်ဂျီကွင်းကျေးရွာအုပ်စု၊ တလိုင်းကုန်းကျေးရွာနှင့် ဇော်ဂျီတောင်ကျေးရွာတို့၌ တစ်ပိုင်တစ်နိုင် ဝက်မွေးမြူသူများနှင့်တစ်ပိုင်တစ်နိုင်စီးပွားဖြစ်မွေးမြူသောဝက်မွေးမြူရေးခြံများသို့ ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ဝက်ဝမ်းကျရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့ကြသည်။
ထိုသို့ထိုးနှံပေးရာတွင် ဇော်ဂျီကွင်းကျေးရွာအုပ်စု တလိုင်းကုန်းကျေးရွာနှင့် ဇော်ဂျီတောင် ကျေးရွာတို့မှ တစ်ပိုင်တစ်နိုင် ဝက်မွေးမြူသူများနှင့် တစ်ပိုင်တစ်နိုင် စီးပွားဖြစ်မွေးမြူသော ဝက်မွေးမြူရေးခြံများသို့ ဝက်ဝမ်းကျရောဂါ ဖြစ်ပွားမှုကြောင့် ဝက်များသေဆုံးမှု မဖြစ်ပွားစေရန်အတွက် ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေးအခမဲ့ထိုးနှံပေးခြင်း၊ မွေးမြူရေးသုံး ဆေးဝါးများနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း ဇလွန်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာလေးမွန်ကြည်၏ ပြောကြားချက်အရ သိရသည်။
ဝေယံ