အမြို့မြို့အနယ်နယ်သတင်းများ

Sep 14,2021
COVID-19 ရောဂါ ကာကွယ်ဆေး ပထမအသုတ် ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီ မှစ၍ မန္တလေး၊ ချမ်းအေးသာစံမြို့နယ်အတွင်း ပြုလုပ်ခဲ့ကြောင်းသိရသည်။
Sep 14,2021
မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင် မြင်းခြံမြို့တွင်  ယမန်နေ့က ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့လူနာ(၆)ဦးထပ်မံတွေရှိခဲ့ကြောင်း သိရသည်။
Sep 14,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦး​အောင်ဇော်တင့် နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်အရ ယမန်နေ့နံနက် ၇နာရီအချိန်က ထိန်ကန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ သို့ကွင်းဆင်း၍ ဒေသခံပြည်သူများကို အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  
Sep 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ သန့်ရှင်းသာယာလှပစေရန်၊ မိုးရာသီကာလတွင် ဖြစ်ပေါ်လေ့ရှိသော ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန်၊ ရေစီးရေလာကောင်းမွန်စေရန်နှင့် ရေမြောင်းများ ပိတ်ဆို့မှုကြောင့် ခြင်များပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ သန့်ရှင်းသာယာလှပစေရေးနှင့် ရေမြောင်းအား ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းရှိ အမှိုက်များ ရှင်းလင်းခြင်းကို ယနေ့ နံနက်(၇)နာရီအချိန် က မြို့သစ်(က+ခ)ရပ်ကွက်၊ ဘုရင့်နောင်လမ်းတွင် ရှင်းလင်းခဲ့သည်။
Sep 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဦးအောင်မြတ်ခန်းမတွင် ဆရာ တော်၊ သံဃာတော်များ၊ သီလရှင်များ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဝန်ထမ်း မိသားစုများ၊ ဈေးသူဈေးသားများ၊ လူမှုကူညီရေးအသင်းများနှင့် ပုဂ္ဂလိကစက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများအား ယနေ့ နံနက် ၉ နာရီအချိန်မှစတင်၍  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယ အကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 14,2021
မွန်ပြည်နယ်၊  မော်လမြိုင်မြို့နယ်တွင်  တောင်သူများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပေါ်နေ သည့်ကာလအတွင်း   စီးပွားရေး  ကုစားမှုအနေဖြင့် အခက်အခဲများ  အဆင်ပြေစေရန်ရည်ရွယ်၍ ၂၀၂၁ခုနှစ်အတွက် မိုးရာသီစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ မွန်ပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ  ခွင့်ပြုရန်ပုံငွေကျပ် (၉၂၃၅.၀၀) သိန်းကို ဆက်လက်  ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။
Sep 14,2021
ဧရာဝတီတိုင်းဒေကြီး‌၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများ အဆင်ပြေစေရေးအတွက် ယမန်နေ့က မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနရုံးတွင် ဆန်များကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Sep 14,2021
ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ ကျောင်းတိုက်အသီးသီးတွင် သီတင်းသုံးနေထိုင်တော်မူသော ရဟန်း၊သံဃာ၊ သီလရှင်များအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိနှင့် ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် Test Kit ဖြင့် စစ်ဆေးပေးခြင်းကို ယနေ့ နံနက်(၉)နာရီက သိမ်ဇရပ်မြို့ သစ်ဆင်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။