အမြို့မြို့အနယ်နယ်သတင်းများ

Sep 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်း၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားအင်အားဝန်ကြီးဌာန၊ ငပုတောမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက သက္ကယ်ချောင်း ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား ယမန်နေ့ နံနက်ပိုင်းက သွားရောက်ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
Sep 14,2021
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပခုက္ကူမြို့နယ်ဦးစီးမှူးရုံးက “ပန်းခင်း”စီမံချက်ဖြင့် စက်တင်ဘာလ ၁၃ ရက်နေ့အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ထောင် ကျော်နှင့် အိမ်ထောင်စုလူဦးရေစာရင်းတစ်ရာကျော် ဆောင်ရွက်ပြီးစီးကြောင်းသိရသည်။
Sep 14,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ သင်ပုတ်ကျေးရွာတွင် ယနေ့နံနက်(၉)နာရီခွဲအချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လိုက်နာဆောင်ရွက်ရမည့်အချက်များ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ သင်ပုတ်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးသံချောင်းနှင့် ကျေးရွာလူမှုရေးအသင်းအဖွဲ့ဝင်များပူးပေါင်း၍ ကျေးရွာအတွင်း လှည့်လည်ကာ အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 14,2021
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ" လူမှုဘ၀ပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ " ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက် ၈နာရီခွဲအချိန်က အမှတ် ၉ရပ်ကွက်နှင့် ကုန်းခလာ‌ကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်‌ ပေးခဲ့ကြသည်။
Sep 14,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နေပြည်တော် ၊ ဇေယျာသီရိမြို့ နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ‌ကျွန်းရောင်းကျေးရွာအုပ်စု၊ လေသာကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
Sep 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ၊ ဟိုင်းကြီးကျွန်းမြို့ ၊ ကျုံကူးတိုက်နယ်အုစ်စု ၊ ကျုံကူး ကျေးရွာတွင် မြို့အုပ်ချုပ်ရေးမှူး ၊ စာရေး ၊ အထောက်အကူပြုအဖွဲ့ နှင့် မြို့အဆင့်ဌာနဆိုင်ရာ များတွေ့ဆုံပွဲကို ယမန်နေ့ နေ့လည်က ကျုံကူးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပခဲ့သည်။ တွေ့ဆုံပွဲတွင် ပြန်/ဆက်ဦးစီးဌာန ၊ မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ များတက်ရောက်ခဲ့ကြသည်။
Sep 14,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် လုပ်ငန်းလိုင်စင်ခွင့်ပြုချက်အရ၊ ခွင့်ပြုထားသော စင်တင်တေးဂီတ၊ KTVနှင့် VCD/DVD ငှားရမ်းဖြန့်ချီရေးလုပ်ငန်းဆိုင်များအား ကိုဗစ်-၁၉ ကာလတွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ယမန်နေ့ညနေ (၄) နာရီက မြို့နယ် ဗွီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။