Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပင်လည်ဘူးမြို့၌ ပြည်ပပြန် (၃) ဦး၏ နှာခေါင်း၊ အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာများရယူ
Aug 07,2020
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ပြည်ပပြန်(၃)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲ အတည်ပြုနိုင်ရေးအတွက် နှာခေါင်း၊ အာခေါင်တို့ဖတ် ဓာတ်ခွဲ နမူနာများရယူမှုကို ယနေ့ နံနက်က မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာကျော်နိုင် ဦးဆောင်သော တာဝန်ရှိသူများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၂၁၅၀၀ စုအတွက် တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်
Aug 07,2020
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စုပေါင်း ၂၁၅၀၀ စုအတွက် ထောက်ပံ့ငွေ ကျပ်သိန်း ပေါင်း(၄၃၀၀) ကို တတိယအကြိမ်အဖြစ် ဩဂုတ် ပထမပတ်က မြို့နယ်အထွေထွေအုပ် ချုပ်ရေး ဦးစီးဌာနရုံး၌ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှုးများထံ လွှဲပြောင်းပေး အပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး၊ စည်ပင်သာယာရေးကော်မတီ၏ ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက် သည့် ကွန်ကရစ်လမ်းခင်းခြင်း ၉၅ ရာခိုင်နှုန်း ပြီးစီး
Aug 07,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၉- ၂၀၂၀ခု ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေ ကျပ်(၄၂)သိန်းကျော်ဖြင့် ဖောင်းပြင်မြို့၊ အင်ကြင်းမြိုင်ရပ်ကွက်၊ ဆရာစံလမ်း ၌ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ဇူလိုင်လ ၂၅ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ ရာ ယခုအခါ ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ် ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ဓါတ်အားကြိုးလဲလှယ်ခြင်းနှင့် လမ်းမီးကြိုးများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်
Aug 07,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ယခင်ကသွယ်တန်း ထားသော စံချိန်မမှီဓါတ်အားကြိုးလဲလှယ်ခြင်းနှင့် လမ်းမီးကြိုး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို မြို့တွင်း ရပ်ကွက်များတွင်မြို့နယ်လျှပ်စစ်ဌာမှ ဆောင်ရွက်လျှက်ရှိကြောင်းသိရပါသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် COVID-19 Economic Relief Planဖြင့် မျိုးစေ့ထုတ်ဧက(၅၅)ကို စနစ်တကျစိုက်ပျိုး
Aug 07,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါး စိုက်ပျိုးရာသီတွင် ကိုဗစ်−၁၉ ကာလ စီးပွားရေးကုစားမှု COVID-19 Economic Relief Plan အရ ဆောင်ရွက်သော မိုးစပါး(RS-CS)မျိုးစေ့ထုတ် စိုက်ခင်းများ စနစ်တကျစိုက်ပျိုးခြင်းကို ဘော်ကြိုကျေးရွာအုပ်စု ဆားတွင်း ကျေးရွာနှင့် မန်ဟဲကျေးရွာအုပ်စု နားခဲကျေး ရွာ တို့တွင် ယနေ့နံနက်ပိုင်းကစတင်၍ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကုန်စည်များ၌ ကုန်ညွန်းအမှတ်အသားများ မြန်မာလိုဖော်ပြရန်သတ်မှတ်ထားသည့် အချက်အလက်များ ဖော်ပြထားရှိမှု ရှိ/ မရှိ စိစစ်ဆောင်ရွက်
Aug 07,2020
စီးပွားရေးနှင့် ကူးသန်းရောင်ဝယ်ရေးကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနမှ ကုန်စည်များ၌ ကုန်အညွန်း အမှတ်အသားများ မြန်မာလိုဖော်ပြရန် သတ်မှတ်ထားသည့်အချက်အလက်များ ဖော်ပြထားရှိမှု ရှိ/မရှိ ကို သြဂုတ်လ ၇ ရက်နေ့ နံနက် ၁၀နာရီအချိန်က သနပ်ပင်မြို့မစျေး အတွင်း / အပြင်ရှိ စျေးဆိုင်များလိုက်လံ စစ်ဆေးခဲ့ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မြင်းမူမြို့တွင် ပထမအကြိမ် အသိပေးကပ်ထားပေးသည့် မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှု လျက် ပုံစံများရယူ ပြင်ဆင်ခြင်းများပြုလုပ်
Aug 07,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲ တွင် ပြည်သူများပါဝင် ဆန္ဒပြုမဲပေးနိုင်ရေးအတွက် အသက်(၁၈)နှစ် ပြည့်ပြီးသူများ (မဲဆန္ဒရှင်များ) အမည်စာရင်းကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ အသီးသီးရှိ အုပ်ချုပ်ရေးမှုး ရုံးများတွင် ဇူလိုင်လ(၂၅) ရက်နေ့မှစတင်ကာ ကြေငြာကပ် ထားပေးလျက်ရှိရာ ပြည်သူများလာရောက် ကြည့်ရှုလျှက်ရှိကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကွင်းဆင်း ဆောင်ရွက်
Aug 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ် စည်ပင်ကျန်းမာ ဌာနနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက် ၈နာရီခွဲအချိန်မှစ၍ စောမြောက်ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ တစ်အိမ်တက်ဆင်း သွားရောက်၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ အဘိတ် ဆေးခတ်ခြင်း လုပ်ငန်းများ၊အသိပညာပေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25600
Page
25601
Page
25602
Page
25603
Current page
25604
Page
25605
Page
25606
Page
25607
Page
25608
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department