ကြံခင်းမြို့ရှိ ရွှေညောင်ပင်ဘုန်းကြီးကျောင်းတိုက်ဝန်း အတွင်းအပြင်အား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

 

ကြံခင်း   စက်တင်ဘာ   ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် သံဃာနာယကဥက္ကဋ္ဌ ရွှေညောင်ပင် ဘုန်းကြီးကျောင်းတိုက်ဝန်း အတွင်းအပြင်ရှိ ပေါင်းမြက်များအား မိုးရာသီတွင်ဖြစ်ပွား တတ်သောရောဂါများ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရန် ကျောင်းထိုင်ဆရာတော်ကြီးနှင့် သံဃာတော်များ၊ ကျောင်းသားများ ကျန်းမာစွာနေထိုင်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ယနေ့ နံနက်(၈)နာရီအချိန်က စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့များမှ လိုအပ်သည်များအား ကြည့်ရှုပေါင်းစပ်ဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ် တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများနှင့်အတူ လူမှုရေးအဖွဲ့များပါပူးပေါင်းဆောင်ရွက်ကြပြီး  ပေါင်းမြက်များခုတ်ခြင်း၊    မြက်ရိတ်စက်ဖြင့်ဖြတ်ခြင်း၊  သစ်ပင်များအားခုတ်ထွင်ရှင်းလင်းခြင်း၊ ရှင်းလင်းပြီးပေါင်းမြက်များအား မြို့နယ်စည် ပင်သာယာရေးအဖွဲ့မှ ကားဖြင့်သယ်ဆောင်ခြင်း များ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)