ရေဖြူ စက်တင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ရေဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါ၊ကာကွယ်၊ ထိန်းချုပ်၊ကုသရေး လုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီ ၊ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ စေတနာရှင်အလှူရှင်များက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ၊ရေဖြူမြို့ ၊(က)ရပ်ကွက်တွင်နေထိုင်သော ကိုဗစ် -၁၉ရောဂါ ဖြစ်ပွားပြီး ပြန်လည်သက်သာလာသူ တစ်ဦး၏ ရင်တွင်း စကားသံကို ယခုလိုကြားသိခဲ့ရပါတယ်။
ကျွန်မက ဒေါ်ဆန်းရွှေဖြစ်ပြီး (က)ရပ်ကွက်၊ မေတ္တာလမ်းမှာနေထိုင်သူ တစ်ဦးဖြစ်ပါ တယ်။အသက် (၆၇)နှစ်ရှိပါပြီ။ နေ့စဉ်မုန့်ဖတ် လုပ်ငန်းကို တစ်ပိုင်တစ်နိုင် လုပ်ကိုင် ဆောင်ရွက်ရောင်းချနေသူ ဖြစ်ပါတယ်။အိမ်မှာ မိသားစုဝင်(၆)ဦး နေထိုင်ပြီး ဇူလိုင်၁၂ရက်နေ့ မှာ သမက်ဖြစ်သူ ကိုဗစ် -၁၉ Positiveဖြစ်တော့ ထိတွေ့သူအနေနဲ့ ရေဖြူဆေးရုံမှာ ဇူလိုင် ၁၄ ရက်နေ့က ဆေးသွားစစ်ခဲ့ကာ ကိုဗစ် -၁၉ ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။ ရောဂါဖြစ်တဲ့သူ တွေကို ရေဖြူဆေးရုံကနေ မီးသတ်ဝန်ထမ်းအိမ်ရာ ကိုဗစ် စင်တာကို ပို့ဆောင်ပြီး ဆေးကုသ မှုခံယူခဲ့ပါတယ်၊။စင်တာမှာနေထိုင်စဥ်အတွင်း နှစ်ရက်အကြာမှာ ရောဂါလက္ခဏာပြပြီး နှာစေးတာ ဖြစ်လာပါတယ်၊လေးရက်အကြာမှာ အနံ့ပျောက် ပါတယ် ၊ဖျားတာတို့ ချောင်းဆိုး တာမျိုးတို့ မဖြစ်ပါဘူး။
ရေဖြူဆေးရုံက ကျန်းမာရေးဆရာမတွေက နေ့စဉ် လာကြည့်ပေးပါတယ်။ သောက်ဆေး တွေ ပေးထားပါတယ် ၊လိုအပ် ရင်တိုင်းလို့ရအောင် အောက်စီမီတာ ထားပေးထားပါ တယ်၊ အောက်စီဂျင် အလုံအလောက်ရှိပြီး အောက်စီဂျင်ကျတာ မရှိတော့ အောက်စီဂျင်မလိုအပ်ခဲ့ ပါဘူး။ အသက်ရှူ လေ့ကျင့်ခန်း လည်းလုပ်တယ်။ အားတဲ့အချိန်တတ်နိုင်သလောက် တရား မှတ်တယ်။လမ်းလျှောက်ခြင်းတွေ လုပ်ဖြစ်ပါတယ်။ အားရှိတဲ့အစားအစာတွေစားပါတယ်။ ထမင်း ဟင်းအလှူရှင် တွေနေ့စဉ်ရှိပါတယ်။ လာလှူတဲ့အစားအစာတွေမစားချင်ရင် ဆန်ပြုတ်သောက်ပါတယ်။ စင်တာမှာ နေထိုင်စဉ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးရှိသူ အချင်းချင်း သက်သာနေသူလူငယ်တွေက အများကြီး တစ်ဦးကိုတစ်ဦး အကူအညီ ပေးပါတယ်။ အိမ်မှာနေထိုင်ရတာထက် စင်တာထဲမှာ အချင်းချင်းအားပေးစကားပြောပြီး အားရှိခဲ့ရပါတယ်။ ရောဂါဖြစ်ပွားလို့လည်း ကြောက်စရာ မလိုပါဘူး။စောစောသိ စောစော ကုသရင် သက်သာပါတယ်။ (၁၁)ရက်အကြာနေထိုင်ခဲ့ရပြီး အိမ်မှာ Home Quarantine အဖြစ် (၇)ရက် ထပ်မံနေထိုင်ရပါတယ်။
ကာကွယ်ဆေးမထိုးရသေးပါဘူး။ ပိုးတွေ့ပြီးသူကို သီးခြားထပ်ထိုးပေးမယ်သိရတော့ ထိုးခွင့် ရတဲ့အခါထိုးမှာပါ။ အခုတော့ ပုံမှန်နေ့စဉ်လုပ်ငန်းတွေပြန်လုပ်နေပါပြီ။ မောတာမျိုးလည်း မရှိပါဘူး။ စင်တာနေစဉ်အတွင်း အစစအရာရာ အဆင်ပြေတဲ့အတွက် ကိုဗစ်-၁၉ ကော်မတီ၊ ကျန်းမာရေးဝန် ထမ်းများ ၊စေတနာ့ဝန်ထမ်းများနဲ့ အလှူရှင်များကို ကျေးဇူးတင်ပါတယ်။ ကိုဗစ် -၁၉ရောဂါဟာကြောက် စရာရောဂါမဟုတ်ပဲ ၊စိတ်ဓာတ်ခိုင်မာဖို့၊ ကျန်းမာရေး ဝန်ထမ်းတွေရဲ့လမ်းညွှန်ချက်ကို လိုက်နာဖို့ နဲ့ ကာကွယ်ဆေးသာထိုးထားမယ်ဆိုရင် အသက်ဆုံးရှုံးသည်အထိဖြစ်ဖို့မရှိပဲ ကာကွယ်ဆေးထိုးခွင့်ရ တဲ့အချိန်ထိုးထားကြပါလို့ အကြံ ပြုချင်ပါတယ်လို့ ဒေါ်ဆန်းရွှေက ပြောကြားပါသည်။
တွေ့ဆုံမေးမြန်းသူ -
ဒေါ်ဖြူဖြူရှိန် (ရေဖြု ပြန်/ဆက်)