ကျောက်မဲ စက်တင်ဘာ ၁၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများ အသိပညာပေးဆော်ဩခြင်းမျာကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဌာနနှင့် အဖွဲ့တို့သည် မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေးဆော်ဩခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆော်ဩဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းကာလအတွင်း နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုအခြေအနေများ၊ ကျောက်မဲမြို့နယ်အတွင်းရှိ (တိုက်ပွဲရှောင်စခန်းမှ ကိုဗစ်-၁၉ ပိုးတွေ့မှုများအပါအဝင်)ကိုဗစ် ပိုးတွေ့မှုအခြေအနေများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ပြည်သူများ သိရှိလိုက်နာရမည့် အချက်များနှင့် အနံ့မရခြင်း၊ ဖျားနာ/ချောင်းဆိုးခြင်း၊ လတ်တလော မောပန်းလာခြင်းစသည့် ရောဂါလက္ခဏာများဖြစ်ပေါ်လာပါက ဆေးရုံသို့ ချက်ချင်း အကြောင်းကြားရန်၊ စားသောက်ဆိုင်များအားလုံး Take Away ပါဆယ်စနစ်ဖြင့်သာရောင်းချရန်၊ ရပ်ကွက်အတွင်းသို့ အခြားဒေသမှ ပြန်လာသူများရှိပါက သက်ဆိုင်ရာ ရပ်ကွက်တာဝန်ရှိ သူထံနှင့် ဆေးရုံသို့ အကြောင်းကြားရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက် များ၊ တားမြစ်ချက်များကိုတိကျစွာ လိုက်နာဆောင်ရွက်ကြရန် အစရှိသည်တို့ကို အသိပညာပေးဆော်ဩခဲ့ ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် ဇွန် ၂၂ ရက်နေ့မှ စက်တင်ဘာ ၁၃ ရက်နေ့ မွန်းတည့် ၁၂ နာရီအထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ စုစုပေါင်း ၁၁၉၆ ဦး ၊ သေဆုံးသူ ၆၄ ဦးရှိပြီဖြစ်ကြောင်းသိရသည်။
မိုင်းထွန်း(ပြန်/ဆက်)