မိုင်းယောင်း စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများကို အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကာလအတွင်း ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ နေထိုင် စားသောက်မှု အဆင်ပြေစေရေးအတွက် အခြေခံ စားသောက်ကုန် များ ထောက်ပံ့ပေးခြင်းနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများက အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများအားလုံးကို ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်ဥ စသည့် အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)