နေပြည်တော် စက်တင်ဘာ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး ဧည့်ခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
လှူဒါန်းပွဲတွင် Moon Rays Co., Ltd မိသားစု နှင့် Morning Breeze Co., Ltd မိသားစုတို့မှ တာဝန်ရှိသူ များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် အတွက် လှူဒါန်းရခြင်းနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းပြောကြားကြသည်။
ထို့နောက် Moon Rays Co., Ltd မိသားစုမှ ငွေကျပ်(၃၉)သိန်းတန်ဖိုးရှိ Oxygen(15 liter) အလုံး (၃၀) လုံးနှင့် Oxygen Flow Meter (၃၀)ခု ကိုလည်းကောင်း၊ Morning Breeze Co., Ltd မိသားစုမှ ငွေကျပ်(၂၆)သိန်းတန်ဖိုးရှိ Oxygen(15 liter) အလုံး(၂၀)လုံးနှင့် Oxygen Flow Meter (၂၀) ခုကို လည်းကောင်း ကုမ္ပဏီများမှ တာဝန်ရှိသူများက အသီးသီးပေးအပ်လှူဒါန်းကြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါ လှူဒါန်းမှုများကို နေပြည်တော်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိရောက်စွာအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)