Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဝါးခယ်မမြို့နယ်၌ဧရာဝတီမြစ်ရေနှင့်ရွှေလောင်းမြစ်ရေတိုက်စားမှုကြောင့်မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားသဖြင့်နေအိမ်(၂၆)လုံးရွှေ့ပြောင်း
Sep 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ရှိကျေးရွာ(၃)ရွာတွင် ယနေ့ နံနက်ပိုင်းက ဧရာဝတီမြစ်ရေနှင့်ရွှေလောင်းမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ် ၊ အလယ်ရေကျော်ကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စုများအား ဆန်(၄) ပြည်နှင့်ငွေ(၂၀၀၀) ကျပ်စီ ထောက်ပံ့ လှူဒါန်း
Sep 14,2021
လပွတ္တာခရိုင် ၊ မော်လမြိုင်ကျွန်းမြို့နယ် အလယ်ရေကျော်ကျေးရွာအုပ်စုအတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများနှင့် စားသောက် ရေးအခက်အခဲရှိသော ကျေးရွာခွဲ(၆) ရွာရှိ အိမ်ထောင်စုများအား အိမ်ထောင်စုတစ်စုလျှင် ဆန်(၄) ပြည်နှင့် ငွေကျပ် (၂၀၀၀) ကျပ်စီ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့ နံနက် (၈)နာရီအချိန်က ဆောင်ရွက်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့ကိုဗစ်-၁၉ရောဂါ ကုသရေး စင်တာ(၁)မှစေတနာ့ဝန်ထမ်းတစ်ဦး နှင့်ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရပြီး ကျန်းမာရေးပြန်လည် ကောင်းမွန်လာသူတို့၏ စကားသံများ…
Sep 14,2021
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို ပခုက္ကူခရိုင် အထွေထွေရောဂါကု ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်အပြင် ကိုဗစ်-၁၉ ကုသရေးစင်တာ (၁)နှင့်(၂) ကိုဖွင့်လှစ်ဆောင်ရွက် ကုသခဲ့လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကျင်မြို့နယ် ရှမ်းကြေးရပ်ကွက်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Sep 14,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင် ဦးဆောင်သော ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီခွဲမှမွန်းတဲ့ (၁၂)နာရီအချိန်ထိ ရွှေကျင်မြို့နယ်၊ ရှမ်းကြေးရပ်ကွက်သို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ် ပုဗ္ဗာရုံပရိယတ္တိရွှေကျင်ကျောင်းတိုက်နှင့် ပညာလင်္ကာရသီလရှင်ကျောင်းတိုက်ရှိ ရဟန်း၊ သာမဏေများနှင့် သီလရှင်များအား ကိုဗစ်-၁၉ ရောဂါပိုး…
Sep 14,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်ရန်ရည်ရွယ်၍ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ စီစဉ်မှုဖြင့် သံဃာတော် ၂၅ ပါးနှင့်အထက် စာသင်တိုက်/ကျောင်းတိုက်များတွင် သီတင်းသုံးလျက် ရှိသည့် ရဟန်းများ၊ သာမဏေများနှင့် သီလရှင်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၇)နာရီခွဲအချိန်ခန့်တွင် နမ္မတူ မြို့နယ်၊ ပန်ဟိုက်ရပ်ကွက် (၈) ရှိ ပုဗ္ဗာရုံပရိယတ္တိရွှေကျင်ကျောင်းတိုက်နှင့် ပညာလင်္ကာရ သီလရှင် ကျောင်းတိုက်တို့၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ်တွင် စက်ရုံ၊အလုပ်ရုံမှ ဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများက ဝန်ထမ်း များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးလျှက်ရှိရာ ယမန်ရက်နေ့က စက်ရုံ၊ အလုပ်ရုံ (၈)ရုံမှ ဝန်ထမ်း (၄၅၇၆)ဦး ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးမြို့၌ ကိုဗစ်(၁၉)ရောဂါကာကွယ်ရေး မြို့တွင်းနှင့်ကျေးရွာများသို့အရောက် ကွင်းဆင်းစစ်ဆေး ပေးလျက်ရှိ
Sep 14,2021
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့၌ ကိုဗစ်(၁၉)ရောဂါကာကွယ်ရေးအတွက် မြို့တွင်းရပ်ကွက်များ၊ စျေးများ၊ ကျေးရွာအုပ်စုများအား ကိုဗစ်(၁၉)ရောဂါပိုး ရှိမရှိတို့အား ကိုဗစ်(၁၉)ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ၏ စီစဉ်မှုဖြင့်ကျန်းမာရေးဌာနက ကွင်းဆင်းစစ်ဆေးပေးလျက်ရှိနေကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ခရမ်းမြို့နယ်၌ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဗွီနိုင်းပိုစတာများ စိုက်ထူ၍ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Sep 14,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၌ “ပန်းခင်း” စီမံချက်ဖြင့် တိုင်းရင်းသား/ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး လုပ်ငန်းလမ်းညွှန်ဖြစ်သည့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့” ဗွီနိုင်းပိုစတာစိုက်ထူခြင်းကို ယမန်နေ့ နံနက် ၉နာရီက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးရှေ့၌ စိုက်ထူခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25596
Page
25597
Page
25598
Page
25599
Current page
25600
Page
25601
Page
25602
Page
25603
Page
25604
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department