လားရှိုးမြို့သို့ ရှမ်း/မြောက်တစ်ခုလုံးမှ လူဦးရေ(၇)သောင်းအတွက် ကိုဗစ်(၁၉) ကာကွယ်ဆေးများရောက်ရှိ

လားရှိုး စက်တင်ဘာ ၁၄

လားရှိုးမြို့သို့ မြန်မာ့လေကြောင်းလိုင်းဖြင့် စက်တင်ဘာ(၁၄)ရက် ညနေ(၂)နာရီခွဲအချိန်က ကိုဗစ်(၁၉)ကာကွယ်ဆေး ရှမ်း/မြောက်တစ်ခုလုံးမှ လူဦးရေ(၇)သောင်းအတွက် ရောက်ရှိလာကြောင်းသိရှိရသည်။

အဆိုပါကာကွယ်ဆေးများရောက်ရှိလာခြင်းကို လားရှိုးခရိုင် ကိုဗစ်(၁၉) ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌ ဦးမျိးမင်းထွန်းနှင့်တာဝန်ရှိသူများ၊ လားရှိုးမြို့နယ်ကိုဗစ်(၁၉) ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦး တို့ကသွားရောက်ကြိုဆိုခဲ့ကြသည်။

ယခုရောက်ရှိလာသော ကိုဗစ်(၁၉)ကာကွယ်ဆေးများသည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များအာလုံး ပါဝင်ကာလူဦးရေ(၇)သောင်းစာခွဲတမ်းရရှိခြင်းဖြစ်ကြောင်းသိရှိရပြီး စက်တင်ဘာ(၁၆)ရက်နေ့မှ စတင်ကာ သတ်မှတ်ဆေး ထိုးရပ်များ၌ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကိုဗစ်(၁၉)ကာကွယ်ဆေးများရောက်ရှိလာပြီး လားရှိုးလေယာဉ်ကွင်း၌ လွဲပြောင်းလက်ခံခဲ့ရာ၌ လားရှိုးခရိုင် ကိုဗစ်(၁၉) ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌဦးမျိးမင်းထွန်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးဒေါက်တာရဲအောင်ထွန်းနှင့်အဖွဲ့ဝင်များ၊ လားရှိုးမြို့နယ်ကိုဗစ်(၁၉) ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးတို့က လက်ခံရယူခဲ့ကြကြောင်း သိရှိရသည်။

ဟန်ဌေး