ပန်းတောင်း၌ ကိုဗစ်အတည်ပြုလူနာ ပိုးတွေ့ရပ်ကွက်/ကျေးရွာများရှိ နေအိမ်၊ လမ်းများအား ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိ

ပန်းတောင်း စက်တင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ကိုဗစ်အတည်ပြုလူနာပိုးတွေ့ ရပ်ကွက်/ကျေးရွာများရှိ နေအိမ်၊ လမ်းများနှင့် Quarantine ထားရှိနေရာအား ယမန်နေ့က ​ ရွှေမေတ္တာအဖွဲ့ က ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။

ပန်းတောင်းမြို့ရွှေ မေတ္တာအဖွဲ့ဝင်များက Quarantine ထားရှိသော ထုံးဘို အ.ထ.ကကျောင်းနှင့် ထိုဘိုလမ်းတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖြန်းခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာပေါင်း (၁၁၈၁)ဦး၊ ကျန်းမာရေး ကောင်းမွန်သဖြင့် ဆေးရုံမှ ဆင်းခွင့်ရရှိသူပေါင်း (၁၀၁၇)ဦး၊ Positive စင်တာများတွင် ဆေးကုသမှုခံယူနေသူ (၈၄)ဦးရှိပြီး ပိုးတွေ့သေဆုံးသူဦးရေ (၈၀)ဦး ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရှိရသည်။

သင်းသင်းအေး