ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ရွာငယ်ကျောင်းသစ်ကျောင်း၌ သံဃာတော် များအား ကိုဗစ်-၁၉ရောဂါပိုးရှိမရှိ (Covid 19Ag Test)စစ်ဆေး

ပင်းတယ စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၊ ရွာငယ်ရပ်ကွက် ရွာငယ် ကျောင်းသစ်ကျောင်းဘုန်းတော်ကြီး ကျောင်းတွင်သံဃာတော်များကိုဗစ်ရောဂါပိုးရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီကပြုလုပ်ပေးခဲ့သည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင်ရွာငယ်ကျောင်းသစ်ကျောင်း၊အော်ယောကျောင်း၊ဆူးဘိုကုန်းကျောင်း၊အောင်ခြင်းတောရ၊ ကံကော်တော(ပြည်တော်သာ)နှင့်​​​ရွှေပြည်သာဘုန်းတော်ကြီးကျောင်း များတွင် သီသင်းသုံး နေထိုင်ကြတဲ့သံဃာတော် စုစုပေါင်း (၄၇)ပါးနှင့်ကပ္ပီယ (၄)ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ကိုဗစ်ရောဂါပိုး (မတွေ့ရှိ)ကြောင်းသိရသည်။

ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဆေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်မိုးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူးထွန်းထွန်းဦးနှင့် တာဝန်ရှိသူများ၊ ပင်းတယမြို့မ ဒုစခန်းမှူးရဲအုပ်မျိုးကျော်နှင့်တပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှဦးစီးအရာရှိ ဦးခင်မောင်ချိုတို့က လာရောက်ကြည့်ရှုခဲ့ကြပြီး၊ ကိုဗစ်ရောဂါ ပိုးစစ်ဆေးခြင်းကို ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကျေးစာရေးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ပင်းတယ (ပြန်/ဆက်)