ဝိုင်းမော်မြို့နယ်အတွင်းရှိ ဌာနဆိုင်ဝန်ထမ်းများအား ကိုဗစ်ရောဂါပိုး ရှိ/မရှိ စစ်ဆေးမူများပြုလုပ်ပေး

ဝိုင်းမော်   စက်တင်ဘာ  ၁၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀နာရီမှညနေ ၄ နာရီအချိန်တွင်း ဝိုင်းမော်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် စစ်ဆေးမှုပြုလုပ်ပေးနေကြောင်း သိရှိရသည်။

ဝိုင်းမော်မြို့နယ်တွင်‌ ရောဂါဖြစ်ပွားနှုန်းများပြားလာခြင်း‌ကြောင့် အထူးစစ်‌ဆေးမူများပြုလုပ်ပြီး    ကိုဗစ်ရောဂါကူးစက်မူမရှိ‌သေးသည့် ဌာန ဆိုင်ရာဝန်ထမ်းများအား ကို‌ဗစ်-၁၉ ရောဂါကင်းစင်သော ရုံးဌာနများဖြစ်‌စေရေးအတွက် ဝိုင်းမော်မြို့နယ်ရှိ ကိုဗစ်‌-၁၉‌ ရောဂါကူးစက်မှုမရှိ‌ သေးသောဌာနဆိုင်ရာ ဝန်ထမ်းများအားလုံးကို RDT ဖြင့် ကိုဗစ်ရောဂါ စစ်ဆေးပေးနေကြောင်းနှင့် လတ်တ‌လောကိုဗစ်-၁၉‌ ရောဂါဖြစ်ပြီးသူ များအားစစ်‌ဆေးမူများပြုလုပ်ခြင်းမရှိ‌ကြောင်း သိရှိရသည်။

အဆိုပါ စစ်ဆေးပေးရာတွင် စက်တင်ဘာ(၁၀)ရက်နေ့၌ ထုတ်ပြန်‌ကြေငြာထားသည့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အစိုးရဝန်ထမ်းအားလုံးကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် Coronavirus Disease  (Covid -19) ကာကွယ်ထိန်းချုပ်ကုသရေးဗဟိုကော်မတီက နိုင်ငံ့ဝန်ထမ်းများ အား (၂)ပတ်ရုံးတက်(၂) ပတ်အိမ်မှနေ၍ ရုံးလုပ်ငန်းများဆောင်ရွက်လုပ်ကိုင်ရာ၌ ကိုဗစ်-၁၉ ရောဂါ ကင်းစင်း၍ ရုံးလုပ်ငန်းများ ဆောင်ရွက်နိုင် ရန်အတွက် ဝိုင်းမော်မြို့နယ်အတွင်း၌ ဌာနဆိုင်ရာ (၃၇)ဌာနရှိသည့်အနက် ကိုဗစ်-၁၉‌ ရောဂါကူးစက်မူမရှိ‌သေး သောဝန်ထမ်းများအား စက်တင်ဘာလ (၁၄) ရက်နေ့မှစတင်၍  စတင်စစ်ဆေးပေးနေကြောင်း  သိရှိရသည်။

ခရိုင်(ပြန်/ဆက်)