အမြို့မြို့အနယ်နယ်သတင်းများ

Sep 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “ပန်းခင်း” စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ရပ်ကွက်နှင့် ကျေးရွာမျာသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် (၉)နာရီက တြိဂံဒေသတိုင်းစစ်ဌာချုပ် လက်အောက်ရှိ ခမရ (၅၂၉)ရှိ တပ်မတော်သားများနှင့် မိသားစုဝင်များအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
Sep 15,2021
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော ပန်းခင်းစီမံချက်အား ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အသိပညာပေး မြေစိုက်နံရံကပ်ပြဘုတ် စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်ရက်နေ့က ပြည်‌-တောင်ငူ ကားလမ်းမကြီးတွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 15,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မြို့နယ်၌လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိဦးကျော်စိုး နှင့်ဝန်ထမ်းများမှ ယနေ့ နံနက် ၉ နာရီက ကုန်တင်ကုန်ချမှတ်ပုံတင်လုပ်သားများနှင့် ၎င်းတို့၏မိသားစုဝင်များအား လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးတွင် ကွင်းဆင်းပြုလုပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
Sep 15,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးအား ပညာရေးဝန်ထမ်းမိသားစုများနှင့် Volunteer များအား ယနေ့ နံနနက်ပိုင်းက မြို့နယ်သီရိမင်္ဂလာခန်းမ၌ ဆက်လက်ထိုးနှံ ပေးလျက် ရှိကြောင်း သိရသည်။
Sep 15,2021
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျ စေရန်အတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ပူးပေါင်းပါဝင်နိုင်ရန် အသိပညာပေး နှိုးဆော်ခြင်းများကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက်(၁၁) နာရီအချိန်က ဆောင်ရွက်သည်။
Sep 15,2021
ပဲခူးတိုင်းဒေကြီး၊ ပြည်ခရိုင်၊‌ ရွှေတောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် အသက်(၅၅)နှစ်မှ အသက်(၆၄)နှစ်အထိ ပြည်သူများအား သက်ဆိုင်ရာ မိမိတို့၏ ရပ်ကွက်ကျေးရွာ ဆေးထိုးရက်များအတိုင်း သက်ဆိုင်ရာနယ်မြေအလိုက် ဆေးထိုးစုရပ်နေရာများတွင် ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
Sep 15,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့ ဝါစပ်ခူးရပ်ကွက်ရှိ ကက်သလစ်ငြိမ်းချမ်း ခြင်းဆုတောင်းပြည့်တောင်၌ ဆုတောင်းခြင်းကို ယမန်နေ့ နံနက်၁၀နာရီခွဲအချိန်က ဆုတောင်းပြည့်တောင်ပေါ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 15,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ အသက် အပိုင်းအခြား အုပ်စုအလိုက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။