ဆွမ်ပရာဘွမ် စက်တင်ဘာ ၁၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့ ဝါစပ်ခူးရပ်ကွက်ရှိ ကက်သလစ်ငြိမ်းချမ်း ခြင်းဆုတောင်းပြည့်တောင်၌ ဆုတောင်းခြင်းကို ယမန်နေ့ နံနက်၁၀နာရီခွဲအချိန်က ဆုတောင်းပြည့်တောင်ပေါ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငြိမ်းချမ်းခြင်းဆုတောင်းပြည့်တောင်တွင် ဘာသာဝင်များက မြို့နယ်ကိုဗစ်-၁၉ စည်းမျဉ်းနှင့်အညီ ဆောင်ရွက်ခဲ့ရာတွင် နှစ်စဉ်နှစ်တိုင်း စက်တင်ဘာ-၁၄ ရက်နေ့တိုင်း ကျင်းပရာ ယခုနှစ်တွင် ၃၉နှစ်တိုင်ရှိခဲ့ပြီဖြစ်ပြီး ကက်သလစ်ဘာသာဝင်များက ကမ္ဘာလုံးကျင်းပပြုလုပ်ရာ ဆွမ်ပရာဘွမ်မြို့နယ်၌လည်း ရောဂါကာလအတွင်း အိမ်ထောင်စုတစ်စုတွင် တစ်ဦးနှုန်းသာ တက်ရောက်ဆုတောင်းခြင်း၊ တစ်ဦးနှင့်တစ်ဦး၆ပေ အကွာတွင်နေထိုင်ခြင်း၊ Mask ကို စနစ်တကျ တပ်ဆင်စေခြင်းဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွမ်ပရာဘွမ် (မြို့နယ်ပြန်/ဆက်)